Sports: ဖီဖာရဲ့ မေးမြန်းကြားနာမှုကို ပလာတီနီ သပိတ်မှောက်မယ်

ပလာတီနီကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ မေးမြန်းကြားနာမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

play
ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ

 

ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌအဖြစ်မှ ဆိုင်းငံ့ခံထားရတဲ့ ပလာတီနီက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ မေးမြန်းကြားနာမှုကို တက်ရောက်မှာ မဟုတ်ဘဲ သပိတ်မှောက်သွားမယ်လို့ သိရပါတယ်။ ပလာတီနီကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ မေးမြန်းကြားနာမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

play
ဖီဖာဥက္ကဋ္ဌ ဘတ္တလာနှင့် ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ

 

ဖီဖာ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ ကြိုတင် ကြေညာထားပြီးသား ဖြစ်နေတယ်လို့ ပလာတီနီရဲ့ ရှေ့နေတွေက ဆိုပါတယ်။ ပလာတီနီက ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ္တလာထံမှ လာဘ်ငွေ ပေါင်စတာလင် တစ်သန်းကျော် ရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဖီဖာဥက္ကဋ္ဌ ဘတ္တလာဟာလည်း အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source: BBC
Photo: BBC, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ