Sports: တောင်အမေရိက ချန်ပီယံ ရေးဗားပလိတ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်

ဟီရိုရှီးမားဂိုးသမား ဟာယာရှိ လက်သီးထိုးထုတ်ရာမှ ထွက်လာသော ဘောလုံးကို အလာရီယိုက ခေါင်းတိုက်ဂိုးသွင်းယူခဲ့သည်။

play

တောင်အမေရိက ချန်ပီယံရေးဗားပလိတ်သည် ဂျေလိဂ်ချန်ပီယံ ဆန်ဖရက်ဆီဟီရိုရှီးမားကို ပွဲချိန် (၇၂) မိနစ်တွင် လူးကပ်စ်အလာရီယို သွင်းယူခဲ့သည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိပြီး ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

play

 

ရေးဗားပလိတ်မှ ကားလို့စ်ဆန်ချက်ဇ်၏ အလွတ်တည်ကန်ဘောကို ဟီရိုရှီးမားဂိုးသမား ဟာယာရှိလက်သီးထိုးထုတ်ရာမှ ထွက်လာသော ဘောလုံးကို အလာရီယိုက ခေါင်းတိုက်ဂိုးသွင်းယူခဲ့ခြင်းဖြစ်ကာ ဟီရိုရှီးမားအသင်းသည် ရရှိခဲ့သည့် အခွင့်အရေးများကို အပိုင်အသုံးမချနိုင်သည့်အတွက် အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

play

 

လာမည့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲတွင် ရေဗားပလိတ်သည် ဘာစီလိုနာ (သို့မဟုတ်) ဂွမ်ဇူးအဲဗားဂရန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Source & Photo: fifa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ