Sports: ရင္က်ပ္အက်ႌ၊ ပင်တီဘောင်းဘီတိုနဲ့ ကစားမယ့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ

ကဏ္ဍနယ်ပယ်စုံမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အမျိုးသားတွေနဲ့ တန်းတူရပြီး ရင်ဘောင်တန်းဖို့ ဒီပြိုင်ပွဲကို ကျင်းပတာလို့ ဆိုပါတယ်။

play

 

ပရိသတ်တွေကို ထူးထူးခြားခြားဆွဲဆောင်နိုင်မယ့် အမျိုးသမီး ဘောလုံးလိဂ်ပြိုင်ပွဲတစ်ခုကို အင်္ဂလန်မှာ စတင်ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ လန်ဂျီရီဘောလုံးလိဂ်ပြိုင်ပွဲလို့ အမည်ပေးထားတဲ့ ဒီပြိုင်ပွဲမှာ ကစားမယ့် အမျိုးသမီး ဘောလုံးသမားတွေဟာ ရင်ကျပ်အင်္ကျီ ပင်တီဘောင်းဘီနဲ့ ကစားကြရမှာ ဖြစ်ပါတယ်။

အရင်ကလည်း အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ ခန္ဓာကိုယ် ပေါ်လွင်စေမယ့် ဒီဇိုင်းမျိုး ဝတ်ဆင်ကြဖို့ ဖီဖာဥက္ကဌ ဘလတ္တာက တိုက်တွန်းဖူးပါတယ်။ ဒီလိုလုပ်ရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားဖို့အတွက်ဆိုပြီး လိဂ်တည်ထောင်သူ ဂမ်မာဟုဂ်က ပြောပါတယ်။ နောက်ထပ်ရည်ရွယ်ချက်ကတော့ ယောက်ျားမိန်းမ တန်းတူညီမျှမှုကို ရလိုတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။

play

 

အခုပြိုင်ပွဲမှာ ဝတ်မယ့် အမျိုးသမီးတွေရဲ့ ဝတ်စုံက ဘတ်စကတ်ဘောအမျိုးသမီးသမီးအသင်း ဝတ်စုံနဲ့ ခပ်ဆင်ဆင် ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ကျရင် ပထမဆုံးပွဲကို စတင်ကစားတော့မှာပါ။

Source & Photos : manchetereveningnews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ