Sports: ဂွာဒီယိုလာကို မန်ယူသို့ခေါ်ရန် ဖာဂူဆန် ကြိုးစားခဲ့ဖူး

ဂွာဒီယိုလာကို ဘိုင်ယန်မြူးနစ်မရောက်ခင်ကတည်းက ဖာဂူဆန်က ခေါ်ဖို့ကြိုးစားခဲ့ဖူးတာပါ။

play

 

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြသစ်ကို ရှာဖွေကို စဉ်းစားခဲ့ရာမှာ နည်းပြဟောင်းဖာဂူဆန်ရဲ့ အကြံပေးချက်ကို နားမထောင်ခဲ့ဘူးလို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဖာဂူဆန်ဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဂွါဒီယိုလာနဲ့ နယူးယော့ခ်မှာ တွေ့ဆုံပြီး သူ့ရဲ့နေရာကို အစားဝင်ဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

play

 

ဒီအချက်ကို ဖာဂူဆန်ရဲ့နောက်ထွက်လာတဲ့ Leading စာအုပ်ထဲမှာ ဖော်ပြထားတာပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အနားယူဖို့ ဆုံးဖြတ်ချက်ကို ယတိပြတ်မချနိုင်သေးတဲ့အတွက် ဂွာဒီိယိုလာကို တိုက်ရိုက်တော့ မပြောဖြစ်ခဲ့ဘူးလို့ ဖာဂူဆန်က ဝန်ခံထားပါတယ်။ နောက်ပိုင်းမှာ ဂွာဒီိယိုလာကို ဖုန်းဆက်ပြီး ပြောဖြစ်ခဲ့ပေမယ့် ဂွာဒီယိုလာတစ်ယောက် မန်ယူကို ရောက်မလာနိုင်ခဲ့ပဲ ဘိုင်ယန်ုမြူးနစ်ကို သာရောက်သွားခဲ့ရတယ်လို့ ဖာဂူဆန်က ရေးသားထားပါတယ်။

အခု ဘိုင်ယန်မြူးနစ်က ထွက်ဖို့ အတော်လေးနီးစပ်နေပြီဖြစ်တဲ့ ဂွာဒီယိုလာဟာ လာမယ့်ရာသီမှာ အင်္ဂလန်ကိုရောက်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်နေသူပါ။ မန်ယူ၊ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ သုံးသင်းလုံး နည်းပြအသစ်ခန့်ဖို့ ကြိုးစားနေရာမှာ ဂွါဒီယိုလာက သုံးသင်းလုံး လိုချင်တဲ့ နည်းပြဖြစ်နေပါတယ်။

play

 

ဂွာဒီယိုလာရောက်ဖို့ အနီးစပ်ဆုံးအသင်းက မန်စီးတီးဖြစ်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ