Sports: အာဆင်နယ်ပွဲအမီ အဂူရိုဒဏ်ရာက သက်သာလာ

တစ်လနီးပါး နားနေခဲ့ရပြီးတဲ့နောက် ဒီတစ်ပတ် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အဂူရိုကို ပြန်တွေ့ရတော့မှာပါ။

play

 

ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုဟာ လာမယ့်အာဆင်နယ်နဲ့ပွဲမှာ ပြန်ပါနိုင်တော့မယ်လို့ သိရပါတယ်။ အဂူရိုက အသင်းနဲ့အတူ ပုံမှန် လေ့ကျင့်ခန်းတွေ ပြန်လုပ်နေနိုင်ပြီဖြစ်ပါတယ်။

play

 

မန်စီးတီးအသင်း ကလည်း တိုက်စစ်မှူးအဂူရို ပြန်ပါနိုင်တော့မှာ ဖြစ်ကြောင်း အသင်းပိုင်ဝက်ဘ်ဆိုက်ကနေ တရားဝင် ကြေညာထားပါတယ်။ နည်းပြ ပယ်လီဂရီနီက အာဆင်နယ်နဲ့ပွဲမှာ အဂူရိုပြန်ပါနိုင်မယ်လို့ မျှော်လင့်နေကြောင်း သတင်း ထုတ်ပြန်ထားလို့ အဂူရိုပြန်ပါဖို့ ကျိမ်းသေသလောက်ရှိပြီလို့ ယူဆရပါတယ်။

play

 

အဂူရိုဟာ မန်စီးတီးနောက်ဆုံးကစားခဲ့တဲ့ လေးပွဲကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။ ဒီရာသီမှာ အဂူရို တစ်ယောက် ဒဏ်ရာ မကြာခဏ ရနေပြီး ရာသီအစတုန်းကလည်း ၇ ပွဲ လွဲထားပြီးပါပြီ။ ဒီတပတ် အာဆင်နယ်ကွင်းအမ်းမရိတ်မှာ မန်စီးတီးက သွားရောက် ကစားရမှာပါ။

 

Source : mcfc

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ