Sports: အာဆင်နယ်အတွက် ဆန်းချက်ဇ် ပြန်လာပြီ

, updated

သုံးပတ်နီးပါး နားခဲ့ရပြီးတဲ့နောက်မှာတော့ ဒီတစ်ပတ်မှာ အလက်ဆစ်ဆန်းချက်ဇ်က အာဆင်နယ်အတွက် ပြန်ကစားနိုင်တော့မှာပါ။

play

 

အခုတစ်ပတ် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အာဆင်နယ်ဘက်က ဆန်းချက်ဇ် ပြန်လည်ပါဝင်နိုင်ဖို့ ရှိတယ်လို့ နည်းပြ အာစင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က နောဝှစ်ခ်ျကို သရေကျပြီးတဲ့ ပွဲမှာ ဆန်းချက်ဇ်က ဒဏ်ရာရခဲ့တာပါ။

play
နောဝှစ်ခ်ျနဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ဆန်းချက်ဇ်

 

နောက်ဆုံးပွဲမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်း ကစားသမားအားလုံး ကစားနိုင်မှာ ဖြစ်သလို ဒဏ်ရာ ရနေတဲ့ ကစားသမား တစ်ယောက်နှစ်ယောက်လည်း မန်စီးတီးနဲ့ပွဲမှာ ပြန်ပါနိုင်ဖို့ ရှိတယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အဲဒီတစ်ယောက်နှစ် ယောက်ထဲမှာ ဆန်းချက်ဇ်ပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

play

 

မန်စီးတီးနဲ့ အာဆင်နယ်က ဒီတစ်ပတ်ကစားမှာ ဖြစ်ပေမဲ့ တနင်္လာနေ့ရောက်မှသာ ကစားကြရမှာပါ။ အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတဲ့ အသင်းနှစ်သင်းဖြစ်လို့ ချန်ပီယံဆုအတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လာမှာပါ။ မန်စီးတီး ဘက်ကလည်း အဂူရိုပြန်လာနိုင်တော့မယ်လို့ သိထားရပါတယ်။

 

Source : espn

Photos : goal, rediff

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

Social Stream


ကြည့်ရှုသူ အများဆုံး