Sports: ချယ်လ်ဆီးနည်းပြ မော်ရင်ဟို အထုတ်ခံရပြီ

, updated

ချယ်လ်ဆီးအသင်းသမိုင်းမှာ အောင်မြင်မှု အရဆုံးနည်းပြ မော်ရင်ဟိုကို အသင်းပိုင်ရှင်က ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

play

 

နည်းပြအပြောင်းအလဲ ဖြစ်တော့မယ်လို့ နာမည်ကြီးနေတဲ့ ချယ်လ်ဆီးအသင်းဟာ ကြာသာပတေးနေ့ နေ့လယ်ပိုင်းမှာပဲ နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ရယူပြီးတဲ့နောက် ၇ လအကြာမှာ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိရာသီမှာ ၁၆ ပွဲပဲ ကစားရသေးပေမဲ့ ချယ်လ်ဆီးအသင်း ရှုံးနိမ့်တာ ကိုးပွဲရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ ချယ်လ်ဆီးရဲ့ ရှုံးပွဲက စံချိန်တင် ဖြစ်နေပြီး ရာသီကုန်ရင် ထိပ်ဆုံးလေးသင်းနေရာကို မဝင်နိုင်တော့ဘူးလို့တောင် မော်ရင်ဟိုက အရိပ်အမြွက် ပြောခဲ့ပါသေးတယ်။

play

 

မော်ရင်ဟိုနေရာကို ဘယ်သူအစားဝင်မလဲဆိုတာကိုတော့ အသင်းက မကြေညာသေးပါဘူး။ ဗြိတိန်မီဒီယာတွေကတော့ ဂုဟစ်ဒင့်က ရာသီကုန်အထိ ကိုင်တွယ်ဖို့ ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ မော်ရင်ဟိုရဲ့ စွမ်းဆောင်ပေးခဲ့မှုတွေ အပေါ် အသင်းက ကျေးဇူးတင်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ အသလက်တီကိုနည်းပြ ဆီမြွန်နီကတော့ ရာသီကုန်ရင် ရောက်လာဖွယ် ရှိပါတယ်။

 

Source & Photos : goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ