Sports: ဘာစီလိုနာ ဂိုးပြတ်အနိုင် ကစားပြီး ဖီဖာကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်

ဥရောပချန်ပီယံအသင်းအတွက် အနိုင်ဂိုး (၃) ဂိုးစလုံးကို တိုက်စစ်မှူး ဆွာရက်ဇ်က သွင်းယူခဲ့သည်။

play

 

ဘာစီလိုနာအသင်းသည် မက်ဆီနှင့် နေမာတို့ မပါဝင်သော်လည်း ဂွမ်ဇူး အဲဗားဂရင်းကို (၃ - ၀) ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

play

 

ဥရောပချန်ပီယံအသင်းအတွက် အနိုင်ဂိုး (၃) ဂိုးစလုံးကို တိုက်စစ်မှူး ဆွာရက်ဇ်က ပွဲကစားချိန် (၃၉) မိနစ် ၊ (၅၀) မိနစ်နှင့် (၆၇) မိနစ်တို့မှာ သွင်းယူပေးခဲ့သည်။

play

 

ဘာစီလိုနာအသင်းသည် ကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ (၄) ကြိမ်မြောက် တက်ရောက်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့ ဗိုလ်လုပွဲတွင် တောင်အမေရိက ချန်ပီယံရေဗားပလိတ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

Source & Photo: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ