Sports: ဧရာဝတီယူနိုက်တက်မှ ကွင်းလယ်ကစားသမား ကျော်မင်းဦးကို ရန်ကုန်ယူနိုက်တက် ခေါ်ယူ

ကျော်မင်းဦးကို (၃)နှစ်စာချုပ် ချုပ်ဆိုခေါ်ယူနိုင်ခဲ့သည်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းမှ လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးကို (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည်။

ကျော်မင်းဦးသည် မန္တလေးမြို့ရှိ ဘောလုံးအားကစားသိပ္ပံကျောင်းမှ မွေးထုတ်ပေးလိုက်သည့် ကစားသမားတစ်ဦးဖြစ်ပြီး မြန်မာ ယူ - ၁၉ နှင့် ယူ -၂၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတို့မှာ အဓိကအခန်းကဏ္ဍမှ အောင်မြင်စွာပါဝင်ကစားနိုင်ခဲ့တဲ့အပြင်၊ ၂၀၁၅-၁၆၊ ယူ - ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကွင်းလယ်ဖန်းတီးရှင်တစ်ဦးအဖြစ် ခြေစွမ်းပြကစားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

ဒါ့ပြင် ဧရာဝတီအသင်းနှင့်လည်း ၂၀၁၄-၁၅ နှစ်ရာသီအကြာ ဖြတ်သန်းခဲ့ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရှုံးထွက်ဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။

 

Photo: YUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ