Sports: ချယ်လ်ဆီးအတွက် နည်းပြသစ် ရောက်ပြီ

အရင်က ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးတဲ့ ဂုဟစ်ဒင့်ကိုပဲ ချယ်လ်ဆီးက ဒုတိယအကြိမ် နည်းပြအဖြစ် ခန့်အပ်လိုက်ပြီလို့ သတင်းထွက်လာပါပြီ။

play

 

မော်ရင်ဟိုနဲ့ လမ်းခွဲလိုက်ပြီးလို့ ချယ်လ်ဆီးအသင်းက ကြေငြာပြီး ၂၄ နာရီမပြည့်ခင်မှာပဲ နောက်ထပ် အသင်းနည်းပြသစ် ထွက်ပေါ်လာခဲ့ပါပြီ။ ချယ်လ်ဆီးက အသင်းနည်းပြဟောင်း ဂုဟစ်ဒင့်ကို ချယ်လ်ဆီးက ယာယီနည်းပြအဖြစ် ခန့်အပ်ထားလိုက်ပြီလို့ သတင်းထွက်လာခဲ့တာပါ။

play

 

ဒီကြေငြာချက်ကို သြစတြေးလျဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင် တွစ်တာအကောင့်ကတဆင့် ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဂုဟစ်ဒင့်ရဲ့ သတင်းတွေကို ချယ်လ်ဆီးဘက်က အတည်ပြုခြင်း မရှိသေးပါဘူး။ နည်းပြဂုဟစ်ဒင့်ကတော့ အစောပိုင်းကတည်းက ချယ်လ်ဆီးနည်းပြအလုပ်ကို စိတ်ဝင်စားတယ်လို့ ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။

play

 

“ချယ်လ်ဆီးနည်းပြရာထူး ရသွားတဲ့ မိမိတို့နည်းပြဟောင်း ဂုဟစ်ဒင့် ကံကောင်းမှုတွေ ရပါစေ” ဆိုပြီး သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်က ရေးသားထားတာ ဖြစ်ပါတယ်။  ဂုဟစ်ဒင့်က ၂၀၀၉ တုန်းကလည်း စကိုလာရီကို ချယ်လ်ဆီးက ထုတ်ပြီးနောက် ဒီလိုယာယီနည်းပြအဖြစ် ဝင်ရောက်ကိုင်တွယ်ပေးပြီး အက်ဖ်အေဖလားရအောင် စွမ်ေးဆာင် ပေးခဲ့သူ ဖြစ်ပါတယ်။

Source : independent

Photos : goal, skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ