Sports: ပြိုင်ဘက် ဘီးပေါက်တာကို အခွင့်အရေးမယူတဲ့ စက်ဘီးသမား

အားကစားသမားတစ်ယောက်မှာ ကျွမ်းကျင်မှုအပြင် ပရိသတ်လေးစားရလောက်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိဖို့ လိုအပ်ပါတယ်။

အားကစားသမားတစ်ယောက်ဟာ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်နေရင် ပရိသတ်တွေ ရဲ့ အားပေးမှုကို ရနိုင်မှာပါ။ ပိုပြီးအရေးကြီးတာကတော့ တရားမျှတစွာ ယှဉ်ပြိုင်ခြင်းဆိုတဲ့ Fair Play စိတ်ဓာတ်ရှိဖို့ပါ။

play

 

စပိန်မှာ ကျင်းပခဲ့တဲ့ စက်ဘီးပြိုင်ပွဲတစ်ခုမှာ ပန်ဝင်ခါနီးစက်ဘီးသမားဟာ ဘီးပေါက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့နောက်မှာ မီတာအနည်းငယ် အကွာက လိုက်လာတဲ့ စက်ဘီးသမား အော်ဂတ်စတင်းနာဗာရိုက ပြိုင်ဘက်ရဲ့ ဒုက္ခကို အခွင့်အရေး အဖြစ်အသုံးမချခဲ့ပါဘူး။

ရှေ့ကဦးဆောင်ခဲ့ပေမယ့် ဘီးပေါက်သွားတဲ့ ပြိုင်ဘက်ကို ကျော်မတက်ခဲ့ပါဘူး။ ဘီးပေါက်သွားတဲ့ စက်ဘီးသမားဟာ မီတာအနည်းငယ်သာ လိုတော့တဲ့ ပန်းတိုင်ကိုရောက်ဖို့ စက်ဘီးထမ်းပြီး ပန်းဝင်ခဲ့ပါတယ်။ အော်ဂတ်စတင်းကလည်း နောက်ကသာလိုက်ပြီး ဒုတိယဆုသာ ယူခဲ့တာပါ။ အခုတော့သူက ချန်ပီယံထက်တောင် ပိုလို့ နာမည်ကြီးနေပါပြီ။

Source : http://www.cyclingweekly.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ