Sports: ဒီတစ်ပတ် ပရီးမီးယားလိဂ် မကြည့်ခင် သိထားရမယ့် အချက် (၅) ချက်

, updated

ရာသီကုန်ရင် ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုတာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပွဲတစ်ပွဲ ဒီတစ်ပတ်မှာ ကစားဖို့ ရှိပါတယ်။

play

 

ကျွန်တော်တို့အားလုံး သတိမထားမလိုက်ခင်မှာပဲ ပရီးမီးယားလိဂ်က ရာသီတစ်ဝက်ကျိုးတော့မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဒီတစ်ပတ် ပွဲစဉ် ၁၇ ကိုကစားမှာဖြစ်လို့ နောက်ပွဲစဉ် နှစ်ခုပြီးတာနဲ့ ရာသီတစ်ဝက်ကျိုးပြီဖြစ်ပါတယ်။

ဒီတစ်ပတ်ပရီးမီးယားလိဂ်ကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီနှစ်ဖလားရဖို့ အခြေအနေ အကောင်းဆုံး လို့ ပြောနိုင်တဲ့ အာဆင်နယ်နဲ့ မန်စီးတီး တွေ့ရမှာဖြစ်လို့ပါပဲ။ ချန်ပီယံဘယ်သူလဲဆိုတာ အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ပွဲဆိုလည်း မမှားပါဘူး။ ကဲ ဒီတစ်ပတ် ပရီးမီးယားလိဂ် မကြည့်ခင် သိသင့်တဲ့ အချက် (၅) ချက်ကို ထုံးစံအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

ချန်ပီယံလောင်းတို့ရဲ့ တိုက်ပွဲ

play

 

ဒီတစ်ပတ်အာဆင်နယ်ကွင်းမှာ မန်စီးတီးသွားကစားရမှာပါ။ တနင်္လာနေ့မှ ကစားကြမှာ ဆိုပေမဲ့ စောင့်ရကျိုးနပ်အောင် ကြည့်ကောင်းမယ့်ပွဲဖြစ်ပါတယ်။ ဒီနှစ်သင်းက အမှတ်မကွာဘဲ အမှတ်ပေးဇယား အဆင့် ၂ နဲ့ ၃ မှာအသီးသီး ရပ်တည်နေ တာပါ။ ဒီပွဲရဲ့အဖြေက ရာသီကုန်ရင် ချန်ပီယံဘယ်သူဖြစ်မလဲ ဆိုတာကိုလည်း ဆုံးဖြတ်ပေးသွားနိုင်ပါတယ်။

ဆန်းချက်ဇ် Vs အဂူရို

play

 

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒဏ်ရာရနေတဲ့ ဒီနှစ်ယောက် ဒီတစ်ပတ် ပြန်ကောင်းလာပါပြီ။ နှစ်ယောက်လုံး တနင်္လာနေ့ပွဲ မှာ ပြန်လာဖို့ နီးစပ်ပါတယ်။ ဂိုးသွင်းဘုရင်နှစ်ယောက် ပြန်လာတဲ့အတွက် ပွဲက ပိုကြည့်ကောင်း ဦးမှာပါ။

မော်ရင်ဟို ခေတ်အလွန်ချယ်လ်ဆီး

play

 

ချန်ပီယံ ချယ်လ်ဆီးကတော့ နည်းပြမော်ရင်ဟိုမရှိပဲ ကစားရတော့မှာပါ။ ကံကောင်းတာက ဒီတပတ်ချယ်လ်ဆီး ရင်ဆိုင်ရမှာက ရလဒ်မကောင်း၊ ခြေစွမ်းမကောင်း ဖြစ်နေတဲ့ ဆန်းဒါးလန်း ဖြစ်နေတာပါပဲ။ ချယ်လ်ဆီးပွဲကလည်း မဖြစ်မနေ စောင့်ကြည့်ရမှာပါ။

ခရစ္စတယ်ပဲလေ့စ် - စတုတ်စီးတီး

play

 

သာမန်ပွဲစဉ်တစ်ပွဲမဟုတ်ဘဲ ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ ခရစ္စတယ်ပဲလေ့စ်က ခြေစွမ်းတွေပြပြီး နိုင်ပွဲဆက်လို့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာ  အားလုံးသိပါတယ်။ စတုတ်ကလည်း ခံစစ်သိပ်ကောင်းနေတာပါ။ နောက်ဆုံး ၇ ပွဲမှာ နှစ်ဂိုးပဲ ပေးထားရတဲ့ အသင်းဖြစ်ပါတယ်။

မန်ယူ နိုင်ပွဲ ပြန်ရမလား

play

 

လက်ရှိအဆင့် ၄ နေရာမှာ ရပ်တည်နေရပေမဲ့လည်း ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲမှာ နိုင်ပွဲပျောက်ထားတဲ့ မန်ယူကို အားလုံးက စိတ်ပျက်နေတာပါ။ တိုက်စစ်ကလည်း အားရစရာမရှိလို့ ဗန်ဟားလ်လည်း မော်ရင်ဟိုနောက် လိုက်တော့မလားဆိုပြီး အတွေးဝင်နေကြပါတယ်။ ဒီတစ်ပတ်ကိုတော့ မန်ယူမျက်နှာပန်း လှဖို့ နိုင်ပွဲရဖို့ လိုပါတယ်။

 

Source : nbc

Photos : dailymail, skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ