Sports: နောဝှစ်ခ်ျဆီက မန်ယူရမယ့် အနိုင်သုံးမှတ်

, updated

ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီကနေ့ည အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်း အောင်ပွဲခံပါလိမ့်မယ်။

play

 

နိုင်ပွဲတွေပျောက်နေတဲ့ မန်ယူအသင်းက ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာ နောဝှစ်ခ်ျနဲ့ ရင်ဆိုင်ရမှာပါ။ နည်းပြဗန်ဟားလ်နဲ့ အသင်းသားတွေလည်း ဖိအားတွေအတော်များနေပြီ ဖြစ်တာကြောင့် ဒီကနေ့ပွဲမှာ နိုင်ပွဲရဖို့ မဖြစ်မနေ ကြိုးစားကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

 ပျင်းဖို့ကောင်းတဲ့ ကစားပုံဖြစ်နေပြီး တိုက်စစ်က ဂိုးရဖို့ ခက်တယ်လို့ ဆိုကြပေမဲ့ တကယ်တမ်းမှာ မန်ယူက ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်ပါတယ်။ ၉ ပွဲကို ပေးဂိုးမရှိ ကစားထားတဲ့ အသင်းပါ။ နောဝှစ်ခ်ျက အဝေးကွင်း  ရှစ်ပွဲမှာ ၁၈ ဂိုးပေးထားရတဲ့ အသင်းဖြစ်လို့ တစ်ပွဲနှစ်ဂိုးနှုန်းထက်တောင် ပိုပေးရပါသေးတယ်။

play

 

မန်ယူရဲ့ ဂိုးမပေးရရေး ဦးစားပေးတဲ့ ခံစစ်ကို နောဝှစ်ခ်ျလို တစ်ပွဲတစ်ဂိုးနှုန်းလောက်ပဲရပြီး နှစ်ဂိုးလောက် ပြန်ပေးရတဲ့ အသင်းက ဂိုးရဖို့ လွယ်မလားဆိုတာ စဉ်းစားစရာပါ။ မန်ယူဘက်မှာ ဝိန်းရွန်နေးပါလာဖို့ ရှိပြီး နောက်တန်းမှာတော့ လူငယ်တွေ ဆက်ပြီး ပွဲထွက်ဦးမယ်လို့ ယူဆရပါတယ်။ နောဝှစ်ခ်ျဘက်မှာ အားထားရတဲ့ ဝစ္စဒမ်း ပါနိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံးခုနှစ်ပွဲမှာ ခြောက်ပွဲပေးဂိုးမရှိတဲ့ မန်ယူကို နောဝှစ်ခ်ျဂိုးသွင်းနိုင်မယ် မထင်ပါဘူး။ မန်ယူဂိုးဘယ်လောက် သွင်းမလဲပဲ စောင့်ကြည့်ရမှာပါ။ မာတာဂိုးသွင်းဦးမယ် ထင်ပါတယ်။

 

Source : flashscore, opta

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ