play

 

ဂျပန်ကျင်းပနေတဲ့ ကလပ်အသင်းများကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေးဗားပလိတ်အသင်းက ဗိုလ်လုပွဲ တက်သွားပြီးတဲ့နောက် တိုကျိုရဲအရာရှိတစ်ဦးကပါ အောင်ပွဲဝင်ခံခဲ့ပါတယ်။ အစတော့ အသင်းနိုင်ပွဲကြောင့် ဇာတ်ရှိန်တက်နေတဲ့ ပရိသတ်တွေကို သူကထိန်းသိမ်းဖို့ ကြိုးစားခဲ့တာပါ။

ရေးဗားပလိတ်အသင်းက ဟီရိုရှီးမားကို ဆီမီးဖိုင်နယ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်သွားတာပါ။ တစ်ဖက်က ဗိုလ်လုပွဲတက်လာတဲ့ ဘာစီလိုနာနဲ့ ရေးဗားပလိတ်အသင်းတို့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဗိုလ်လုပွဲ ကစားကြရမှာပါ။ ရေးဗားပလိတ်အသင်း အနိုင်ရပြီးတဲ့နောက် အသင်းပရိသတ်တွေက ကွင်းထဲကနေ သီချင်းသံပြိုင် သီဆိုပြီး အောင်ပွဲခံ ထွက်လာကြတာပါ။

အဲဒီပရိသတ်တွေကို အဆိုပါရဲက သိပ်မဆူကြဖို့ ထိန်းသိမ်းခဲ့တာပါ။ ဒါပေမဲ့လည်း ပျော်နေတဲ့ ပရိသတ်တွေနဲ့ အတူ အဆိုပါရဲအရာရှိလည်း အောင်ပွဲခံ လိုက်ရပါတော့တယ်။  အောက်က ဗီဒီယိုဖိုင်မှာ ကြည့်ကြည့်ပါ။

Source : espn

Photos : theworldgame

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video