Sports: မန်ယူသို့ လာရောက်နည်းပြရန် မော်ရင်ဟို ဆန္ဒရှိနေ

, updated

မန်ယူကိုကိုင်တွယ်ဖို့ မော်ရင်ဟို ဆန္ဒရှိနေတာ အမှန်ပဲလို့ မော်ရင်ဟိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောလိုက်တာပါ။

play

 

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲလိုက်ပြီးနောက် နည်းပြမော်ရင်ဟိုက မန်ယူအသင်းကိုနည်းပြဖို့ ကြိုးပမ်းနေပြီလို့ အတွင်းသတင်းတွေ ထွက်ရှိလာကြောင်း ESPN သတင်းဌာနက ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ မန်ယူနဲ့ မန်စီးတီးကလည်း ဘိုင်ယန်မြူးနစ် နည်းပြ ဂွာဒီယိုလာကို နောက်ရာသီမှာ ခန့်အပ်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

လက်ရှိမှာ မန်စီးတီးက နည်းပြဂွာဒီယိုလာကို နောက်ရာသီမှာခေါ်ယူဖို့ ကြိုးစားရာမှာ အတော်လေး ရှေ့ပြေးနေတဲ့ အသင်းဖြစ်ပါ တယ်။ မန်ယူမှာတောာ့ နည်းပြဗန်ဟားလ်လက်ထက်မှာ ချန်ပီယံလိဂ်က ထွက်လိုက်ရတဲ့အပြင် ပျင်းရိဖွယ်ကောင်းတဲ့ ကစားပုံနဲ့ ပရိသတ်တွေကို မဆွဲဆောင်နိုင်ပဲ နိုင်ပွဲတွေလည်း ပျောက်လာတာကြောင့် နည်းပြပြောင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

play

 

ချယ်လ်ဆီးက ထွက်ခွာသွားပြီးနောက် မော်ရင်ဟိုက မန်ယူကို လာဖို့ ဆန္ဒရှိတယ်လို့ မော်ရင်ဟိုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောကြားထားတာပါ။ မော်ရင်ဟိုရဲ့အေးဂျင့်ဖြစ်တဲ့ ဂျော့မန်ဒက်စ်နဲ့ မန်ယူအသင်းဒုတိယ ဥက္ကဋ္ဌ ဝုဒ်ဝက်တို့ကလည်း အတော်လေးရင်းနှီးကြတဲ့ ဆက်ဆံရေး ရှိသူတွေပါ။

ဖာဂူဆန်ထွက်ခွာသွားပြီးတဲ့နောက်ပိုင်း မန်ယူအသင်းခန့်အပ်ခဲ့တဲ့ နည်းပြတွေကလည်း အဆင်ပြေသူ တစ်ဦးမှ ရှိမနေသေးပါဘူး။ လာမယ့်ရာသီမှာ ဂွာဒီယိုလာကိုခေါ်ဖို့ မန်ယူက ကနဦး ကြိုးစားခဲ့ပေမယ့် ကမ်းလှမ်းမှုအပိုင်းမှာတော့ မန်စီးတီးက ပိုမိုသာလွန်နေတယ်လို့ ဆိုပါတယ်။ မန်စီးတီးကိုသာ ဂွာဒီယိုလာ ရောက်လာခဲ့မယ်ဆိုရင် မန်ယူကလည်း မော်ရင်ဟိုကို မဖြစ်မနေ ခေါ်ယူလိမ့်မယ်လို့ သတင်းတွေက ခန့်မှန်းထားကြပါတယ်။

play

 

မော်ရင်ဟိုနဲ့ ဂွာဒီယိုလာဟာ လာလီဂါမှာကတည်းက အဓိကပြိုင်ဘက်တွေဖြစ်ခဲ့ကြသူတွေပါ။ လာမယ့်နှစ် မန်ချက်စတာဒါဘီမှာလည်း ဒီနည်းပြနှစ်ယောက်ကို ကွင်းထဲမှာ ပြန်တွေ့ရမလား ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

Source : espn

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ