Sports: တိုကျို အိုလံပစ် ကုန်ကျစရိတ် ခန့်မှန်းသည်ထက် ၆ ဆ ပိုနိုင်

, updated

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှု ကုန်ကျစရိတ်ဟာ မူလက ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏထက် ၆ ဆ ပိုမို ကုန်ကျမယ်လို့ ဆိုပါတယ်။

 

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲအတွက် ပြင်ဆင်မှု ကုန်ကျစရိတ်ဟာ မူလက ခန့်မှန်းတွက်ချက်ထားတဲ့ ပမာဏထက် ၆ ဆ ပိုမို ကုန်ကျမယ်လို့ ဆိုပါတယ်။

 

၂၀၂၀ တိုကျိုအိုလံပစ်အတွက် ကုန်ကျစရိတ်က ပေါင်စတာလင် ၉.၉၈ ဘီလီယံ (ဂျပန်ယန်းငွေ ၁.၈ ထရီလီယံ) ကုန်ကျမယ်လို့ NHK သတင်းဌာန ဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြထားပါတယ်။ ခန့်မှန်း ကုန်ကျစရိတ်ထက် အဆမတန် ကုန်ကျရတဲ့ အကြောင်း ရင်းက အဝေးပြေး လမ်းမကြီးတွေကနေ လမ်းသွယ်တွေ ဖောက်လုပ်မှုအတွက် ပေးချေရ တာတွေကြောင့်လို့ ဆိုပါတယ်။

ထို့အတူ ဆောက်လုပ်ရေး ပစ္စည်းနဲ့ ဝန်ထမ်းစရိတ် ကုန်ကျမှုတွေ မြင့်တက်လာမှုကြောင့်လည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွေကို ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ ကျင်းပမှာဖြစ်ပြီး ကုန်ကျစရိတ်က ပေါင်စတာလင် ၂.၃၈ သန်း ဘီလီယံ ဖြစ်ပါတယ်။

 

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပြိုင်ပွဲက ပေါင်စတာလင် ၈.၇၇ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကုန်ကျစရိတ်က ခန့်မှန်းထားမှုထက် အဆမတန် များပြားကာ ပေါင်စတာလင် ၉.၉၈ ဘီလီယံအထိ ရှိနေပေမဲ့ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံ ဆိုချီမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကုန်ကျစရိတ်ထက် လျော့နည်းနေပါသေးတယ်။

ရုရှားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆိုချီ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲက ပေါင်စတာလင် ၃၁ ဘီလီယံ ဖြစ်ပါတယ်။ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲ ကုန်ကျစရိတ်ကို မူလက ပေါင်စတာလင် ၁.၆ ဘီလီယံ (ဂျပန်ယန်းငွေ ၃၀၀ ဘီလီယံ) ကုန်ကျမယ်လို့ ခန့်မှန်းထားခဲ့တာပါ။

 

Source: BBC
Photo: BBC, SFL Ttimes, CBC, The Blade

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ