Sports: ရီးရဲလ်မက်ဒရစ် မော်ရင်ဟိုကို ပြန်လည်ခေါ်ယူသွားမည်မဟုတ်

, updated

မော်ရင်ဟိုသည် ရီးရဲလ်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ထိ တာဝန်ယူကိုင်တွယ်ပြီး လာလီဂါချန်ပီယံဆုနှင့် လာလီဂါရှုံးထွက်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်အောင် အသင်းကို ဦးဆောင်ပေးခဲ့ဖူးသည်။

play

 

ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်မှ ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံလိုက်ရသည့် ဟိုဆေးမော်ရင်ဟိုကို နည်းပြအဖြစ် တစ်ကျော့ပြန်ခန့်အပ်ဖွယ်ရှိကြောင်း ကောလာဟလများကို ငြင်းဆိုခဲ့သည်။

play

ရီးရဲလ်သည်လည်း လတ်တလောတွင် လာလီဂါ၌ ရုန်းကန်နေရသည့် အခြေအနေများကြောင့် နည်းပြ ရာဖာဘင်နီတက်ဇ်၏ အနာဂတ်မှာ မရေမရာ ဖြစ်နေသည့်အတွက် မော်ရင်ဟိုကို ရီးရဲလ်က ပြန်လည် ချဉ်းကပ်လိမ့်မည်ဆိုသော ခန့်မှန်းချက်များ အားကောင်းလာခဲ့သည်။

play

 

မော်ရင်ဟိုသည် ရီးရဲလ်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ထိ တာဝန်ယူကိုင်တွယ်ပြီး လာလီဂါချန်ပီယံဆုနှင့် လာလီဂါရှုံးထွက်ဖလား တို့ကိုလည်း ဆွတ်ခူးနိုင်အောင် အသင်းကို ဦးဆောင်ပေးခဲ့ဖူးသည်။ ချယ်လ်ဆီးအသင်းသည် ယခုရာသီရလဒ်များ ဆိုးရွားနေသောကြောင့် မော်ရင်ဟိုကို လက်စတာအသင်းအား ရှုံးနိုမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်နေဂျာရာထူးမှ ထုတ်ပယ်ခဲ့သည်။

 

Source : Sky Sports

Photo: armradio, 365dm , zimbio

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ