Sports: နိုင်ပွဲရခဲ့ပေမယ့် ချယ်လ်ဆီးကို ပရိသတ်တွေ ဆန္ဒပြ

မော်ရင်ဟို ထွက်သွားရတဲ့ ကိစ္စမှာ ကစားသမားတွေ လုပ်ရပ်မကင်းဘူးလို့ ယူဆကြတာကြောင့် အသင်းကို ဆန္ဒပြခဲ့ကြပါတယ်။

play

 

မော်ရင်ဟိုမရှိတော့ပဲ ပထမဆုံးပွဲကစားခဲ့ရတဲ့ ချယ်လ်ဆီးကတော့ တန်းဆန်းဇုန်ထဲက ဆန်းဒါးလန်းကို ၃-၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူလိုက်ပါတယ်။ မော်ရင်ဟို ရှိတုန်းက ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ နောက်ခံလူ အိုင်ဗန်နိုဗစ်ခ်ျနဲ့ ပက်ဒရိုတို့က တစ်ဂိုးစီ သွင်းခဲ့ကြပြီး အော်စကာကလည်း ဒုတိယပိုင်းမှာ တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။

ထူးထူးဆန်းဆန်းပဲ ဒီရာသီပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး သုံးဂိုးသွင်းနိုင်တာ ဒီပွဲနဲ့မှ နှစ်ပွဲပဲ ရှိပါသေးတယ်။ ရာသီအစမှာ ဝက်စ်ဘရွန်းကို သုံးဂိုးသွင်းနိုင်ပေမယ့် နှစ်ဂိုးတောင် ပြန်ပေးခဲ့ရတာပါ။ ဒီပွဲရလဒ်နဲ့ ခြေစွမ်းက ဒီရာသီမှာ ချယ်လ်ဆီးအတွက် အကောင်းဆုံး လို့တောင် ဆိုနိုင်ပါတယ်။

play

 

ချယ်လ်ဆီးအတွက် နိုင်ပွဲအလွယ်တကူ ရှာတွေ့ခဲ့ပေမယ့် အသင်းပရိသတ်တွေကတော့ ကစားသမားတွေကို မကျေနပ်ခဲ့ကြပါဘူး။ မော်ရင်ဟို ထွက်သွားရတဲ့ ကိစ္စမှာ ကစားသမားတွေ လုပ်ရပ်မကင်းဘူးလို့ ယူဆကြတာကြောင့် အသင်းကို ဆန္ဒပြခဲ့ကြပါတယ်။ အသင်းအတွက် အနိုင်ဂိုးတွေ သွင်းနေတဲ့ ကစားသမားတွေကို ပရိသတ်တွေက လှောင်ပြောင် အော်ဟစ်ခဲ့ကြတာပါ။

ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်နဲ့ တိုက်စစ်မှူးကော်စတာတို့ရဲ့ နာမည်ကိုအော်ဟစ်ပြီး ချယ်လ်ဆီးပရိသတ်တွေက လှောင်ပြောင်ခဲ့ကြတာပါ။ ပွဲစပြီး ၅ မိနစ်အရောက်မှာပဲ ဝီလီယံရဲ့ ထောင့်ကန်ဘောကို အိုင်ဗန်နိုဗစ်ခ်ျက ခေါင်းတိုက်သွင်းလိုက်တာပါ။

play

 

၁၃ မိနစ်မှာ နောက်တစ်ဂိုးထပ်ရပြီး အိုင်ဗန်နိုဗစ်ခ်ျရဲ့ ဖြတ်တင်ဘောကို ပက်ဒရိုက အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ငါးမိနစ်အကြာမှာတင် ချယ်လ်ဆီး ပင်နယ်တီးရခဲ့ပြီး  အော်စကာက သွင်းယူလိုက်ပါတယ်။ သုံးမိစန်အကြာမှာ ဆန်းဒါးလန်းအတွက် နှစ်သိမ့်ဂိုးတစ်ဂိုးက ဘိုရီနီက သွင်းနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးက အဆင့် ၁၅ နေရာ တက်သွားခဲ့ပါပြီ။

Source : skysports

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ