Sports: ဘိုင်ယန်မြူးနစ် နည်းပြသစ် မကြာခင် ကြေငြာမယ်

နည်းပြဂွာဒီယိုလာအနေနဲ့ လက်ရှိရာသီကုန်ရင် အသင်းကထွက်ဖို့ဆိုတာ အတော်လေး သေချာသွားခဲ့ပါပြီ။

 

နာမည်ကျော်နည်းပြ ကာလိုအန်ဆလော့တီက လာမယ့်ရာသီရောက်ရင် ဘိုင်ယန်မြူးနစ်ကိုကိုင်တွယ်ဖို့ သဘောတူညီချက် ရသွားပြီလို့ ဂါးဒီးယန်းသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိဘိုင်ယန်မြူးနစ်နည်းပြ ဂွာဒီယိုလာ အသင်းကထွက်တော့မယ်ဆိုတာ သေချာသွားပြီလို့ ဆိုရမှာပါ။

 

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဘိုင်ယန်မြူးနစ်ကိုကိုင်တွယ်ဖို့ အန်ဆလော့တီနဲ့ ဆွေးနွေးနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်ကို အန်ဆလော့တီက သုံးနှစ်စာချုပ်နဲ့ ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိနည်းပြ ဂွါဒီယိုလာကတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ သူ့ရဲ့ အနာဂတ်ကို တရားဝင် ထုတ်ပြောသွားဖွယ် ရှိနေပါပြီ။

ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကထွက်ရင် ပရီးမီးယားလိဂ်ရောက်ဖို့ ရေပန်းစားနေတာပါ။ ဂွါဒီယိုလာကို ခေါ်ချင်တဲ့ အသင်းတွေထဲမှာ မန်စီးတီးကရှေ့ဆုံးက ဖြစ်ပြီး မန်ယူလည်း ပါဝင်ပါတယ်။

ှSource & Photos : guardian.co.uk

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ