Sports: လီဗာပူး အနိုင်သုံးမှတ် ယူမယ့်ပွဲ

ဝက်ဖို့ဒ်နဲ့ နောက်ဆုံးကိုးကြိမ်တွေ့ရမှာ လီဗာပူးက ရှစ်ကြိမ်နိုင်ပြီး တစ်ကြိမ်ပဲရှုံးထားတာပါ။

 

ပရီးမီးယားလိဂ်မှာ ဒီကနေ့ ဆက်ပြီးစောင့်ကြည့်ရမှာက ဝက်ဖို့ဒ်နဲ့ လီဗာပူးပွဲစဉ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရလဒ်တွေ တဖြည်းဖြည်းကောင်းလာနေတဲ့ ဝက်ဒ်ဖို့ဒ်နဲ့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ လီဗာပးတို့ရဲ့ ပွဲစဉ်က စိတ်ဝင်စားစရာပါ။

လီဗာပူးက ဒီကနေ့ပွဲမှာ ဂျိမ်းစ်မီလ်နာကို ဒဏ်ရာကြောင့် ထည့်သွင်း ကစားနိုင်မှာ မဟုတ်ပါဘူး။ ဝက်ဖို့ဒ်မှာ နောက်ခံလူအချို့ ဒဏ်ရာ ရနေဆဲ ဖြစ်ပေမယ့် ဘီရာမီတို့လို အားထားရတဲ့ ကွင်းလယ်ကစားသမားတွေ ပြန်ပါလာနိုင်ပါပြီ။

play

 

ထူးခြားတာက ဝက်ဖို့ဒ်ဟာနောက်ဆုံးသုံးပွဲလုံးကို နိုင်ထားတဲ့အသင်းဖြစ်နေတာပါပဲ။ နည်းပြသစ် ဂျာဂန်ကလော့လက်ထက်မှာ ရလဒ်တွေကောင်းလှပါတယ်ဆိုတဲ့ လီဗာပူးထက်တောင် ခြေပိုမှန်နေတဲ့ အသင်းပါ။ ဘယ်သူမှ သတိမထားမိလိုက်ခင်မှာ ဝက်ဖို့ဒ်က အဆင့် -၇ နေရာကို ရောက်လာတာပါ။ အဆင့်-၉ နေရာမှာ ရပ်တည်နေရတဲ့ လီဗာပူးထက် တစ်မှတ်သာပါတယ်။

play

 

လီဗာပူးကတော့ ဒီပွဲနိုင်ရင် အဆင့်-၇ လောက်ပြန်ရောက်သွားနိုင်တာဖြစ်လို့ နိုင်ပွဲရအောင် အားထည့်ကစားမှာပါ။ ဝက်ဖို့ဒ်နဲ့ နောက်ဆုံးကိုးကြိမ်တွေ့ရမှာ လီဗာပူးက ရှစ်ကြိမ်နိုင်ပြီး တစ်ကြိမ်ပဲရှုံးထားတာပါ။ ဒီပွဲတော့ လီဗာပူး နိုင်ပွဲရဖို့ သေချာပါတယ်။

Source : skysports

Photos : dailymail,nzpost.ga

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ