Sports: ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဘာစီလိုနာ သိမ်းပိုက်

, updated

ဂျပန်မှာကျင်းပနေတဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ စပိန်ထိပ်သီး ကလပ်အသင်း ဘာစီလိုနာက ရေးဗားပလိတ်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

play

 

ဂျပန်မှာကျင်းပနေတဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ စပိန်ထိပ်သီး ကလပ်အသင်း ဘာစီလိုနာက ရေးဗားပလိတ်ကို ၃ ဂိုးပြတ်ဖြင့် အနိုင်ယူပြီး ဆုဖလား ဆွတ်ခူးသွားပါတယ်။

play

 

ဒီ ဆုဖလားဟာ ဘာစီလိုနာအတွက် ၂၀၁၅ ခုနှစ်အတွင်း ပဉ္စမမြောက် ဆုဖလား ဖြစ်လာပါတယ်။

play

 

ဟီရိုရှီးမားအသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲရောက်လာတဲ့ ရေးဗားပလိတ်အသင်းဟာ ဘာစီလိုနာရဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာတို့ရဲ့ တိုက်စစ် တွဲလုံးတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။

play

 

ဘာစီလိုနာရဲ့ ဦးဆောင်အဖွင့်ဂိုးကို မက်ဆီက ပထမပိုင်း ၃၆ မိနစ်မှာ သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၄၉ မိနစ်နဲ့ ၆၈ မိနစ်တို့မှာ ဆွာရက်ဇ်က အနိုင်ဂိုး ၂ ဂိုး ထပ်မံသွင်းယူခဲ့တာ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ ယနေ့ ယှဉ်ပြိုင်ကစားတဲ့ ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် ကလပ်အသင်းများ ကမ္ဘာ့ဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ဘောလုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ