Sports: လီဗာပူးကို ဝက်ဖို့ဒ် သုံးဂိုးသွင်းပြီး အနိုင်ယူ

, updated

လီဗာပူးအတွက်တော့ ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်တိုက်က နိုင်ပွဲ ပျောက်သွားတာ ဖြစ်ပါတယ်။

play

 

နည်းပြသစ် ဂျာဂန်ကလော့ လက်ထက်မှာ ရလဒ်တွေ ကောင်းနေတယ်လို့ သတင်းမွှေးနေတဲ့ လီဗာပူးကတော့ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်ကို ရှုံးသွားပြန်ပါပြီ။ ဝက်ဖို့ဒ်ကတော့ ဒီပွဲကို နိုင်လိုက်တဲ့အတွက် ပရီးမီးယားလိဂ် မှာ လေးပွဲဆက် နိုင်ပွဲရတဲ့အသင်း ဖြစ် လာ ခဲ့ပါပြီ။

play

 

လီဗာပူးက ဖာမီနို၊ ကော်တင်ဟို၊ လယ်လာနာ၊ အမ်မရီချန်တို့နဲ့ တိုက်စစ်ကို ပွဲထွက်စေခဲ့မဲ့ တစ်ဂိုးမှ ပြန်မသွင်း နိုင်ခဲ့ပါဘူး။ သုံးမိနစ်မှာတင် အိမ်ရှင်ဝက်ဖို့ဒ်အသင်းက ဦးဆောင်ဂိုး ရသွားတာဖြစ်ပြီး လီဗာပူး ဂိုးသမား ဘော့ဂ်ဒန်ရဲ့ ပေါ့ဆမှုကြောင့် ဝက်ဖို့ဒ်ကို ခရစ္စမတ်လက်ဆောင် ပေးလိုက်ရတာပါ။ ထောင့်ကန်ဘောကို ဖမ်းရာမှာ ဘောလုံးက လွတ်ကျသွားခဲ့ပြီး အသင့်ရှိနေတဲ့ အက်ကီက အသာ သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

နောက်တစ်ခါ ပွဲချိန် ၁၆ မိနစ်မှာ ဝက်ဖို့ဒ်က ဒုတိယဂိုးရသွားပြန်ပါတယ်။ ဝက်ဖို့ဒ် တိုက်စစ်မှူး အီဂါလိုက စကာတယ် တားဆီးနေတဲ့ ကြားထဲက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း  ပြီးသွားချိန်မှာ လီဗာပူးရဲ့ ကစားပုံ ပိုကောင်းလာပြီး ဝက်ဖို့ဒ်ကို တောက်လျှောက် ဖိကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ လီဗာပူး တိုက်စစ်က အဆုံးသတ် ညံ့ဖျင်းနေတဲ့အပြင် ဝက်ဖို့ဒ်ခံစစ်ကလည်း အမှားမရှိ တာကြောင့် လီဗာပူး ဂိုးပြန်မရခဲ့ပါဘူး။

play

 

လီဗာပူး ဖိကစားနေတဲ့ ကြားထဲကပဲ ပွဲချိန် ၈၅ မိနစ်အရောက်မှာ အိမ်ရှင်အသင်းအတွက် တတိယဂိုး ကို အီဂါလိုက သွင်းသွားပြန်ပါတယ်။  ဒီနိုင်ပွဲကြောင့် ဝက်ဖို့ဒ်က အဆင့်ထပ်တက်မသွားပေမဲ့ အဆင့်-၄ နေရာမှာ ရှိနေတဲ့စပါး၊ အဆင့်-၅ နေရာမှာ ရှိနေတဲ့မန်ယူတို့နဲ့ တစ်မှတ်သာ ကွာပါတော့တယ်။

 

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ