Sports: လက်သီးပြင်းတဲ့ ထွန်းထွန်းမင်း

, updated

တတိယမြောက် စိန်ခေါ်ပွဲမှာ ထွန်းထွန်းမင်းက တစ်မိနစ်ကျော်နဲ့ အနိုင်ယူလိုက်တာပါ။

play

 

မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်းနဲ့ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်တို့ရဲ့ မကျေပွဲကို ရန်ကုန်မြို့ သိမ်ဖြူကွင်းမှာ ယနေ့ ကျင်းပခဲ့ပါတယ်။

အဲ့ဒီပွဲမှာ ထွန်းထွန်းမင်းက အချိန် ၁ မိနစ် ၁၁ စက္ကန့်နဲ့ အလဲထိုး အနိုင်ယူခဲ့ပါတယ်။ ပထမအချီ စစချင်းမှာပဲ အချိန်တိုတွင်း အနိုင်ယူလိုက်တာပါ။

ထွန်းထွန်းမင်းရဲ့ အားပါတဲ့ ညာဝိုက်လက်သီးက ဆိုင်းရပ်စ်ကို ယိမ်းယိုင်စေခဲ့ပြီးနောက်မှာပဲ တရစပ်ဝင်လာတဲ့ ဘယ်လက်သီး တွေက ဆိုင်းရပ်စ်ကို ရှုံးနိမ့်စေခဲ့ခြင်း ဖြစ်ပါတယ်။ ထွန်းထွန်းမင်းရဲ့ လက်သီးချက်ကြောင့် ဆိုင်းရပ်စ် ဘယ်ဘက်မျက်လုံး ဒဏ်ရာရကာ မမြင်ရတော့လို့ ပွဲကိုရပ်ခိုင်းပြီး အရှုံးပေးလိုက်တာပါ။

play

 

ပွဲက သိပ်ကို မြန်ဆန်စွာနဲ့ ပြီးသွားတာကြောင့် ပရိသတ်တွေကတော့ ဆိုင်းရပ်စ်ကို လိမ်ညာဟန်ဆောင်တယ် ဆိုပြီး ရေဘူးတွေနဲ့တောင် ပေါက်ခဲ့ကြပါသေးတယ်။

 

Source & Photo : 7 Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ