Sports: ချန်ပီယံ ထွန်းထွန်းမင်း ပရိသတ်ကို ဖေ့စ်ဘွတ်ပေါ်က တောင်းပန်

ပွဲချိန် တစ်မိနစ်ကျော်သာ ကြည့်လိုက်ရတဲ့ ပရိသတ်ကို ချန်ပီယံ ထွန်းထွန်မင်းက ပြန်တောင်းပန် လိုက်ပါတယ်။

play

 

ထွန်းထွန်းမင်းနဲ့ အမေရိကန် ကစ်ဘောက်ဆာချန်ပီယံဟောင်း ဆိုင်းရက်စ်တို့ရဲ့ စိန်ခေါ်ပွဲမှာ တစ်မိနစ်ကျော်နဲ့တင် ပွဲပြီးသွားတဲ့အတွက် ထွန်းထွန်းမင်းက ပရိသတ်ကို ပြန်တောင်းပန်လိုက်ပါတယ်။ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းက ၇၁ စက္ကန့်မှာတင် ဆိုင်းရက်စ်ကို အလဲထိုးလိုက်တာဖြစ်လို့ ပရိသတ်တွေ အတော်လေး မကျေမနပ် ဖြစ်ခဲ့ကြရပါတယ်။

play

 

ပထမအချီမှာတင် ထွန်းထွန်းမင်းရဲ့ ပြင်းထန်တဲ့ လက်သီးကန်ချက်တွေကို မိပြီး ဆိုင်းရက်စ်က အနားတောင်း အရှုံးပေးသွားခဲ့တာပါ။ အဓိကစိန်ခေါ်ပွဲဟာ တစ်မိနစ်နဲ့ ၁၁ စက္ကန့်သာ ကြာတဲ့အတွက် ပရိသတ်တွေ မကျေနပ်ခဲ့ကြပါဘူး။ ဒါကို ထွန်းထွန်းမင်းက ဖေ့စ်ဘွတ် လူမှုကွန်ယက်ကနေ ပြန်တောင်းပန်ထားပါတယ်။

play

 

ထွန်ထွန်းမင်းက သူဟာ ငယ်ငယ်ကတည်းက ပရိသတ်ကို လေးစားကြောင်းနဲ့ ဒီပွဲမှာ အနိုင်ရခဲ့ပေမယ့် အချိန်တိုလေးအတွင်းမှာ ပွဲပြီးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Source & Photos : tun tun min's facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ