Sports: တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲတွင် မြန်မာ အမျိုးသား ဖူဆယ်အသင်း တတိယနေရာရရှိခဲ့

မြန်မာအမျိုးသားဖူဆယ်အသင်းမှာ ပွဲဦးထွက်ပွဲတွင် နာမည်ကြီးအီရန်လက်ရွေးစင်းအသင်းကို (၁၅) ဂိုး- (၂)ဂိုး၊ ဒုတိယပွဲတွင် အိမ်ရှင်တရုတ်အသင်းကို (၄)ဂိုး - (၃)ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးပွဲတွင် မက္ကဆီကို အသင်းကို (၅)ဂိုး-(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

play

 

တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲအုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို မနေ့က တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာ အမျိုးသား ဖူဆယ်အသင်းမှာ မက္ကဆီကို လက်ရွေးစင်အသင်းကို (၅) ဂိုး- (၃) ဂိုးဖြင့်အနိုင်ကစားခဲ့ပြီး တတိယနေရာရရှိခဲ့သည်။

play

 

အဆိုပါပြိုင်ပွဲကို အိမ်ရှင်တရုတ်လက်ရွေးစင်အသင်း၊ အီရန်လက်ရွေးစင်အသင်း၊ မြန်မာလက်ရွေးစင်အသင်း နှင့် မက္ကဆီကိုလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ခဲ့ပြီး ပတ်လည်စနစ်ဖြင့်ကစားကာ ပထမ၊ ဒုတိယ၊ တတိယဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

play

 

အမာခံနှင့် လူသစ်ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းကာ ယှဉ်ပြိုင်ခဲ့သည့် မြန်မာအမျိုးသားဖူဆယ်အသင်းမှာ ပွဲဦးထွက်ပွဲတွင် နာမည်ကြီးအီရန်လက်ရွေးစင်းအသင်းကို (၁၅) ဂိုး- (၂)ဂိုး၊ ဒုတိယပွဲတွင် အိမ်ရှင်တရုတ်အသင်းကို (၄)ဂိုး - (၃)ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်ဆုံးပွဲတွင် မက္ကဆီကို အသင်းကို (၅)ဂိုး-(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် တတိယနေရာရရှိခဲ့သည့်အပြင် ပြိုင်ပွဲ၏ အသန့်ရှင်းဆုံးဆုကိုလည်း ရယူခဲ့သည်။

Source @ Photo: Myanmar National Futsal Team, မြန်မာဘောလုံးချစ်မြတ်နိုးသူများ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ