Sports: မန်ယူကို မကြာခင် ရောက်လာနိုင်ချေရှိတဲ့ နည်းပြ (၅) ဦး

လက်ရှိမှာ ရှုံးပွဲတွေ ဆက်နေတာကြောင် နည်းပြဗန်ဟားလ်ရဲ့ ထိုင်ခုံလည်း ခပ်လှုပ်လှုပ် ဖြစ်လာခဲ့ပါပြီ။

play

 

မော်ရင်ဟိုချယ်လ်ဆီးက ထွက်ခွာသွားတဲ့ဂယက်ဟာ မန်ယူအသင်းနည်းပြ ဗန်ဟားလ်ကိုပါ ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ပါတယ်။ ချိန်သားကိုက်စွာနဲ့ပဲ မန်ယူအသင်းကလည်း ရလဒ်တွေဆိုးနေတာကြောင့် ဗန်ဟားလ်လည်း အသင်းနဲ့ လမ်းခွဲရတော့မယ်ဆိုပြီး သတင်းတွေက ထွက်နေတာပါ။

လာမယ့်ပွဲမှာသာ မန်ယူအသင်း ထပ်ပြီးရလဒ်မကောင်း ဖြစ်ခဲ့ဦးမယ်ဆိုရင် ဗန်ဟားလ်နဲ့ မန်ယူရဲ့ လမ်းခွဲဟာ ဒီဇင်ဘာလထဲမှာတောင် ဖြစ်သွားနိုင်ပါတယ်။ ထိုင်ခုံခပ်လှုပ်လှုပ် ဖြစ်နေတဲ့ ဗန်ဟားလ်ရဲ့ နေရာ အစားဝင်နိုင်တဲ့ နည်းပြငါးဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ မော်ရင်ဟို

play

 

မော်ရင်ဟိုသာ အသင်းလက်မဲ့ဖြစ်မနေရင် ဗန်ဟားလ်လည်း ဒီလောက်ထိုင်ခုံ လှုပ်မှာ မဟုတ်ပါဘူး။ အခုတော့ မန်ယူက မော်ရင်ဟိုကို အလုပ်ခန့်ဖို့တောင် ဆွေးနွေးနေပြီလို့ သတင်းတွေက ဆိုပါတယ်။

၂။ ဂွာဒီိယိုလာ

play

 

ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာတာ့မယ်လို့ ဂွာဒီိယိုလာက တရားဝင် ပြောထားပြီးပါပြီ။ ဒါကြောင့် ဂွာဒီယိုလာကို ခေါ်ချင်ရင်တော့ ဒီတစ်ရာသီပြီးဆုံးအောင် မန်ယူဘက်က စောင့်စားရတော့မှာပါ။

၃။ ရွိုင်ယန်ဂစ်

play

 

မန်ယူအတွက် ဖြစ်နိုင်ချေရှိတဲ့ နည်းပြတွေထဲက အဖြစ်နိုင်ဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဖာဂူဆန် မရှိတော့ကတည်းက နည်းပြအဖွဲ့နဲ့ အလုပ်လုပ်ခဲ့တဲ့ ရွိုင်ယန်ဂစ်ကို သြဇာရှိတဲ့ နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကလည်း ထောက်ခံထားပါတယ်။

၎။ ဆီမြွန်နီ

play

 

အသလက်တီကိုနည်းပြ ဆီမြွန်နီလည်း ပရီးမီးယားလိဂ်ကို ရောက်ဖို့ အတော်လေး ရေပန်းစားနေတာပါ။ ဘယ်ကိုရောက်မယ်မှန်းသာ မသိရသေးတာပါ။ ဆီမြွန်နီကို ချယ်လ်ဆီးကလည်း ခေါ်ဖို့ ကြိုးစားနေပါတယ်။ မန်ယူအတွက် နည်းပြနေရာရွေးမယ်ဆိုရင် ရွေးချယ်သင့်သူ တစ်ဦးပါ။

၅။ ဂယ်ရီနဗီးလ်

play

 

မကြာသေးခင်ကမှ ဗလန်စီယာ အသင်းနည်းပြဖြစ်ထားသူ ဆိုပေမယ့် နောက်ရာသီမှာ မန်ယူအသင်းနည်းပြ ဖြစ်လာနိုင်သူက ဂယ်ရီနဗီးလ်ပါ။ အခုလည်း ဗန်လန်စီယာနဲ့အတူ ရလဒ်ကောင်းဖို့ နည်းပြနဗီးလ် ရုန်းကန်နေရပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ