Sports: မန်စီးတီးကို အနိုင်ရမယ်လို့ ယုံကြည်တဲ့ အိုဇေး

မန်စီးတီးနဲ့တွေ့တဲ့ပွဲမှာ အနိုင်ရမယ့်လို ယုံကြည်တဲ့အကြောင်း အာဆင်နယ်ကွင်းလယ် ကစားသမား အိုဇေးက ပြောလိုက်ပါတယ်။

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ မှာ မန်စီးတီးကို အနိုင်ယူပြီး ဒီရာသီအတွက် အမှတ်ပေးချန်ပီယံ ဖြစ်အောင် ကြိုးစားသွားမယ်လို့ အာဆင်နယ်ကွင်းလယ် ကစားသမား အိုဇေးက ပြောလိုက်ပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးက ဒီရာသီပထမအကျော့အဖြစ် ပွဲစဉ် ၁၇ မှာ ထိပ်တိုက်တွေ့ဆုံနေကြတာပါ။

ဒီရာသီမှာ အာဆင်နယ်အသင်းက ပြိုင်ဘက်အားလုံးကို အနိုင်ယူစွမ်းရှိတယ်တဲ့ ယုံကြည်မှု ကစားသမားတွေဆီမှာ ရနေပြီလို့ အိုဇေးက ဆက်ပြောပါတယ်။ အသင်းနဲ့ အတော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကိုလည်း ဒီရာသီမှာ ရနိုင်လိမ့်မယ်လို့ အာဆင်နယ်က မျှော်လင့်နေတာပါ။

play

 

အိုဇေးက ဒီရာသီမှာ အာဆင်နယ်အတွက် ဂိုးပံ့ပိုးပေးမှု အများဆုံး ကစားသမား ဖြစ်ပါတယ်။ အာဆင်နယ်က မန်စီးတီးနဲ့ပွဲမတိုင်ခင်မှာ အမှတ်ပေးဇယား အဆင့်-၂ နေရာမှာ ရှိနေပြီ တကယ်လို့ နိုင်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးကို လေးမှတ် ဖြတ်နိုင်တော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ