Sports: အာဆင်နယ် - မန်စီးတီးပွဲမတိုင်ခင် သိထားသင့်တဲ့ (၇) ချက်

ဒီကနေ့ည အာဆင်နယ်-မန်စီးတီးတွေ့ကြမယ် ချန်ပီယံလုပွဲမတိုင်ခင် သိထားသင့်တဲ့ အချက်(၇)ချက်ကို ဖော်ပြပေးထားပါတယ်။

play

 

အာဆင်နယ် - မန်စီးတီး ထိပ်တိုက်တွေ့ကြမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ က ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့  မြန်မာစံတော်ချိန် မနက် ၀၂း၃၀ နာရီမှာ ကစားကြမှာပါ။ ဒီရာသီမှာ အမှတ်ပေး ချန်ပီယံဖြစ်ဖို့ ရေပန်စားနေတဲ့ အသင်းနှစ်သင်းတွေ့တဲ့ပွဲဖြစ်တာကြောင့် နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ အာဆင်နယ်ကွင်းမှာ မန်စီးတီးသွားကစားရမယ့် ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အိမ်ရှင်အာဆင်နယ်အသင်းဘက်မှာ ဝဲလ်ဘက်နဲ့အတူ ဝီရှိုင်းယား၊ ကာဇိုလာ၊ ကိုကွီလင်းတို့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး။ မန်စီးတီးဘက်က အဂူရိုနဲ့ ဆေးလ်ဗား ပြန်ပါလာဖို့ ရှိပါတယ်။

၂။ အာဆင်နယ် သာရတဲ့အချက်တွေကတော့ မန်စီးတီးမှာ ကွန်ပနီပြန်ပါနိုင်သေးတာရယ်၊ အာဆင်နယ် ခြေပြန်တက်နေတာရယ်နဲ့ မန်စီးတီးကို နောက်ဆုံးတွေ့တုန်းက  အာဆင်နယ်နိုင်ထားတာ ရယ်တို့ ဖြစ်ပါတယ်။

play

 

၃။ မန်စီးတီးအတွက် အားသာချက်ကတော့ အဂူရိုနဲ့ ဆေးလ်ဗား ပြန်ပါလာနိုင်တာ ဖြစ်ပါတယ်။ နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင်ထားတဲ့အတွက် ခြေမှန်နေတဲ့အသင်းလို့ ပြောရမှာပါ။

၎။ နောက်ဆုံးတွေ့ဆုံမှု ငါးပွဲကတော့..

မန်စီးတီး ၀-၂ အာဆင်နယ်

အာဆင်နယ် ၂-၂ မန်စီးတီး

အာဆင်နယ် ၃-၀ မန်စီးတီး

အာဆင်နယ် ၁-၁ မန်စီးတီး

မန်စီးတီး ၆-၃ အာဆင်နယ် ဖြစ်ပါတယ်။

၅။ မန်စီးတီးရဲ့ အဓိက ကစားသမားကတော့ ဆေးလ်ဗား ဖြစ်လာမှာပါ။ ဆေးလ်ဗား ပါလာရင် မန်စီးတီး ကွင်းလယ်က အတော်လေး လှုပ်လှုပ်ခပ်ခပ် ဖြစ်လာတက်ပါတယ်။

play

 

၆။ အာဆင်နယ်ရဲ့ အဓိက ကစားသမား ဖလာမီနီ ပါ။ အိုဇေးက ဂိုးတွေအထောက်အပံ့ပေးနေတယ် ဆိုပေမယ့် ဖလာမီနီက နောက်ဆုံး ခြောက်ပွဲမှာ ပါဝင်ကစားခဲ့ပြီး အတော်လေး ခြေစွမ်းပြထားပါတယ်။

play

 

၇။ ဘယ်မှာကြည့်ရမလဲ။ Skynet HD လိုင်းက Live ပြသမှာပါ။ တကယ်လို့ အွန်လိုင်းပေါ်က live တင်ဆက်မှုကို ကြည့်ချင်ရင်တော့ www.duwun.com.mm/sports ထဲမှာ ဝင်ကြည့်လို့ ရပါတယ်။

တိုက်ရိုက်တင်ဆက်မှုကို ကြည့်ဖို့ ဒီကိုနှိပ်ပါ

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ