AD
AD
AD
play

 

မန်ယူအသင်းကို ကိုင်တွယ်ဖို့အတွက် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုနဲ့ မန်ယူအသင်းကြား သဘောတူညီမှု ရသွားခဲ့ပြီလို့ စပိန်သတင်းစာတစ်စောင်က ရေးသားဖော်ပြလိုက်က်ပါတယ်။ မော်ရင်ဟိုဟာ မန်ယူကို ငါးနှစ်စာချုပ်နဲ့ ကိုင်တွယ်ဖို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ စပိန်သတင်းစာ Fichajes ကရေးသားထားတာပါ။

play

 

ဒါပေမဲ့လည်း မန်ယူဘက်ကတော့ လက်ရှိနည်းပြဗန်ဟားလ်ကို ချက်ခြင်းမထုတ်သေးပဲ လာမယ့်တစ်ပွဲ စောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ် ကစားရမယ့်ပွဲမှာ စတုတ်စီးတီးကိုမှ မနိုင်ခဲ့ရင် နည်းပြဗန်ဟားလ်ကို ရာထူးက ချက်ခြင်းထုတ် ပယ်ဖို့ ပြင်ဆင်ထားပြီပြီလို့ ဆိုပါတယ်။

play

 

ဒါပေမဲ့ နှစ်ဖက်နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ ဘက်ကတော့ ဘယ်လိုအတည်ပြုချက်မျိုးမှ မပေးသေးပါဘူး။ လာမယ့်စတုတ်စီးတီးနဲ့ ပွဲမှာ မန်ယူ ရလဒ်ကောင်းခဲ့ရင်လည်း ကာလရှည် ကိုင်တွယ်ဖို့အတွက် အနီးစပ်ဆုံး အချိန်မှာ မော်ရင်ဟို ရောက်လာဖို့ သဘောတူ ပြီးပြီလို့ သတင်းတွေက ရေးသားကြပါတယ်။

 

Source : dailystar

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD