play
ဖီဖာဥက္ကဋ္ဌ ဘလတ္တာ

 

ဖီဖာရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မေးမြန်းကြားနာမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။ ၂၀၁၁ ခုနှစ်အတွင်းက ဘလတ္တာက ပလာတီနီကို မရိုးသားတဲ့ ရည်ရွယ်ချက်ဖြင့် ဒေါ်လာ ၂ သန်း ပေးခဲ့တယ်လို့ ဖီဖာက စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

play
ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ

 

ယခု ပြစ်ဒဏ်အရ ဘလတ္တာနဲ့ ပလာတီနီတို့ နှစ်ဦးဟာ ဘောလုံးနဲ့ပတ်သက်တဲ့ ကိစ္စရပ်များ ပါဝင်လုပ်ပိုင်ခွင့် ဆုံးရှုံးရ မှာ ဖြစ်ပါ တယ်။ ၎င်းတို့နှစ်ဦးလုံးက စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ငြင်းဆိုထားပါတယ်။

play
ဖီဖာရဲ့ ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ရောက်ရှိလာတဲ့ ဘလတ္တာ

 

ဘလတ္တာနဲ့ ပလာတီနီတို့ကို ဒဏ်ကြေးအဖြစ် ဒေါ်လာ ၄ သောင်းနဲ့ ၈ သောင်းစီ ပေးဆောင်ရန်လည်း စည်းကမ်းထိန်း သိမ်းရေး ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

 

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video