Sports: တိုကျိုအိုလံပစ် အားကစားကွင်း ဒီဇိုင်းသစ်ကို ဂျပန် ရွေးချယ်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲ အားကစားကွင်း ဒီဇိုင်းသစ်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

play

 

၂၀၂၀ တိုကျိအိုလံပစ်မှာ အသုံးပြုသွားမယ့် အားကစားရုံကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ အသုံးပြု တည်ဆောက်သွားမှာဖြစ်ပြီး ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အားကစားကွင်း ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အားကစားကွင်းအတွက် ဒီဇိုင်းပြိုင်ပွဲတစ်ရပ် ဖိတ်ခေါ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန် ဗိသုကာပညာရှင် ကင်ဂို ကူးမားရဲ့ ဒီဇိုင်းလက်ရာကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ ဂျပန်အားကစားကောင်စီက အားကစားရုံ ဒီဇိုင်းများအနက် ကုန်ကျစရိတ် ပိုမို သက်သာတဲ့ ကင်ဂို ကူးမားရဲ့ ဒီဇိုင်းကို ရွေးချယ်ခဲ့တာပါ။

play

 

ကင်ဂို ကူးမားက အားကစားကွင်း တည်ဆောက်မှု ကုန်ကျစရိတ်ကို ဒေါ်လာ ၁.၂ ဘီလီယံ (ဂျပန်ယန်းငွေ ၁၄၉ ဘီလီယံ) ကုန်ကျမယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။ အိုလံပစ် အားကစားကွင်း တည်ဆောက်မှုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ အပြီးသတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အိုလံပစ်ကော်မတီက ၂၀၂၀ ခုနှစ် ဇန်နဝရီလမှာ အပြီးသတ်ဖို့ တောင်းဆိုထားပြီး တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အဲဒီနှစ် ဇူလိုင်လ ၂၄ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကုန်ကျစရိတ်ဟာ မူလ ခန့်မှန်းတွက်ချက်ထားမှုထက် ၆ ဆခန့် ပိုမိုနိုင်တယ်လို့ အစောပိုင်း သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ