Sports: အာဆင်နယ် ချန်ပီယံဖြစ်နိုင်တဲ့ အကြောင်းပြချက် (၅) ခု

ဒီရာသီမှာ အာဆင်နယ်အသင်းက ချန်ပီယံဖြစ်နိုင်လောက်တဲ့ အကြောင်းအရင်းတွေ ရှိလာခဲ့ပါပြီ။

play

 

မန်စီးတီးအသင်းကို အာဆင်နယ်က အနိုင်ယူလိုက်ပြီးတဲ့နောက် ပရီးမီးယားလိဂ်ပရိသတ်တွေဆီမှာ ရောက်သွားတဲ့အတွေးက ဒီရာသီမှာ အာဆင်နယ် တစ်ကယ်ပဲ ချန်ပီယံဖြစ်နိုင်ပြီလားဆိုတဲ့ ကိစ္စပါ။ တကယ်တမ်းမှာလည်း ချန်ပီယံဆုကို လောက်လောက်လားလား စိန်ခေါ်နိုင်တဲ့အသင်းဆိုလို့ အာဆင်နယ်ပြီးရင် မန်စီးတီးသာ ရှိပါတော့တယ်။ နောက်ထပ် ငါးပွဲလောက်အထိ လက်စတာ ထိပ်ဆုံးမှာ ရှိနေဦးမယ်ဆိုရင်တော့ လက်စတာကိုပါ ထည့်တွက်ရတော့မှာပါ။

ဒီရာသီ အာဆင်နယ်အသင်း ဘာကြောင့် ချန်ပီယံဖြစ်နိုင်လဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေတဲ့အခါ အောက်ပါ(၅)ချက်ကို တွေ့ရမှာပါ။

၁။ ပြိုင်ဘက်များ ရလဒ်မကောင်းခြင်း

play

 

အာဆင်နယ်ရဲ့ ပြိုင်ဘက်တွေကိုကြည့်လိုက်။ ချယ်လ်ဆီးကတော့ စောစောစီးစီး  ချန်ပီယံလမ်းကြောင်းထဲက ထွက်သွားပါပြီ။ အာဆင်နယ်ရဲ့  ဒီနှစ်အဓိကပြိုင်ဘက်မန်စီးတီးကလည်း ခြေစွမ်းသိပ်ကောင်းလှတာ မဟုတ်ပါဘူး။ အခုတော့ အာဆင်နယ်က လေးမှတ်ဖြတ်လိုက်ပါပြီ။ မန်ယူကလည်း ရှုံးပွဲဆက်နေတာ အတော်ကြာပါပြီ။ လက်စတာနဲ့ မန်စီးတီးနှစ်သင်းပဲ အာဆင်နယ်ရဲ့ ပြိုင်ဘက်အဖြစ် ရှိနေတယ်လို့ ဆိုရမှာပါ။

၂။ ဒဏ်ရာပြဿနာကို ရင်ဆိုင်နိုင်ခြင်း

play

 

ဒီနှစ်မှာလည်း အာဆင်နယ်က ထုံးစံအတိုင်း ဒဏ်ရာပြဿနာ ရင်ဆိုင်ရပါတယ်။ အခုလည်း ဆန်းချက်ဇ်၊ ဝဲလ်ဘတ်၊ ဝီရှိုင်းယား၊ ကာဇိုလာ စတဲ့ကစားသမားတွေကို ဆုံးရှုံးရတဲ့ ကြားထဲက မန်စီးတီးကို နိုင်ခဲ့တာပါ။ အာဆင်နယ်က ဒဏ်ရာပြဿနာကို ကောင်းကောင်း ရင်ဆိုင်နိုင်နေပါပြီ။

၃။ တိုက်စစ်မှူး ဂျီရော့ဒ် အားကိုးရခြင်း

play

 

ဒီရာသီမှာ ဂျီရော့ဒ်က အရေးကြီးတဲ့ပွဲတွေဆို ဂိုးသွင်းတတ်ပါတယ်။ မန်စီးတီးနဲ့ပွဲမှာလည်း ဂိုးသွင်းခဲ့သလို၊ ချန်ပီယံလိဂ် နောက်ဆုံးပွဲမှာလည်း ဟက်ထရစ်ဂိုးကိုသွင်းပြီး အသင်းကို နောက်တစ်ဆင့် တက်စေခဲ့သူပါ။ ဘိုင်ယန်မြူးနစ်၊ အဲဗာတန်နဲ့ အခုဇယားထိပ်ဆုံးက လက်စ်တာတို့ကို တွေ့တဲ့ပွဲတွေမှာ ဂျီရော့ဒ် ဂိုးသွင်းခဲ့တာပါ။

၎။ ဝဲလ်ကော့ခြေစွမ်းပြနေခြင်း

play

 

ပြီးခဲ့တဲ့တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေနဲ့လုံးပမ်းနေခဲ့ရတဲ့ ဝဲလ်ကော့က ဒီရာသီမှာ အတော်လေး ခြေစွမ်းပြနေတာပါ။ ဆန်းချက်ဇ်မရှိတဲ့ အာဆင်နယ်မှာ ဝဲလ်ကော့နဲ့ ဂျီရော့ဒ်က အတွဲညီတယ်ဆိုတာ မန်စီးတီးနဲ့ပွဲမှာ သက်သေပြလိုက်ပါပြီ။

၅။ အိုဇေးရဲ့ ခြေစွမ်း

play

 

မန်စီးတီးနဲ့ပွဲမှာလည်း ရခဲ့တဲ့နှစ်ဂိုးလုံးက အိုဇေးဖန်တီးပေးခဲ့တာပါ။ ဒီရာသီမှာ အိုဇေး ဖန်တီးပေးမှုကြောင့် အာဆင်နယ်ဂိုးရတာ ၁၅ ဂိုးရှိသွားပါပြီ။ ဒီတော့ အာဆင်နယ်ဒီရာသီ ဖလားရနိုင်တဲ့ အကြောင်းအရင်းထဲမှာ အိုဇေးရဲ့ ဖန်တီးပေးမှုတွေကိုလည်း ထည့်တွက် ရမှာပါ။


Source : foxsports

Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ