လက်ဝှေ့လောကကို ကျောခိုင်းသွားပြီဖြစ်ပေမယ့် မေဝဲလ်သာရဲ့ လုပ်ရပ်တွေကတော့ ပြောစမှတ်တွင်အောင် ရှိနေဆဲပါပဲ။ အခုလည်း ငွေပုံကြီးပေါ်မှာ ကျောခင်းအိပ်နေတဲ့ မေဝဲလ်သာကို ဓာတ်ပုံတွေထဲမှာ တွေ့ရမှာပါ။
ရှုံးပွဲမရှိစံချိန်ရှင် လက်ဝှေ့သမားကြီးက ဒီလိုမျိုး ပိုက်ဆံကိုရေလိုသုံးတဲ့ လုပ်ရပ်တွေ မကြာခဏ လုပ်ပြသူပါ။ ကားအသစ်ဝယ်တိုင်း အင်စတာဂရမ်ပေါ်တင်ပြီး ကြွားတက်သလို၊ ဟိုတစ်ခေါက်ကလည်း သူ့ရဲ့အနား ကပြနေရတဲ့ မိန်းကလေးတွေကြားထဲမှာ ပိုက်ဆံတွေ ကြဲနေတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါသေးတယ်။
အခုတော့ ငွေပုံကြီးပေါ်မှာ အိပ်နေတာပါ။ သူ့ရဲ့ဘေးမှာ ပိုက်ဆံတွေ ထိုင်ရေနေတဲ့ အမျိုးသမီး ငယ်လေးတွေရှိပါတယ်။ “သူများတွေက ကလပ်သွားကြတယ်။ ငါကတော့ ကလပ်ကို အိမ်မှာခေါ်လုပ်လိုက်တယ်” ဆိုတဲ့ စကားနဲ့ မေဝဲလ်သာက အင်စတာဂရမ်မှာ တင်ခဲ့တာပါ။
Source & Photos : dailymail