Sports: မော်ရင်ဟိုကို မန်ယူမဖြစ်မနေ ခေါ်သင့်တဲ့ အကြောင်းပြချက် (၅) ခု

, updated

ဘာကြောင့် မော်ရင်ဟိုကို မန်ယူမဖြစ်မနေခေါ်သင့်သလဲ ဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

play

 

မန်ယူကို မော်ရင်ဟို တကယ်ပဲ ရောက်လာတော့မှာလား ဆိုတဲ့ မေးခွန်းက နာမည်ကျော် အင်္ဂလန် မီဒီယာတွေကိုယ် တိုင် ဖြေရခက်နေတဲ့ မေးခွန်းပါ။ တစ်ဖက်မှာလည်း မန်ယူဘက်ကရော၊ မော်ရင်ဟို ဘက်ကပါ ရွေးချယ်စရာ များများစားစားတော့ မရှိလှပါဘူး။

ဘာကြောင့် မော်ရင်ဟိုကို မန်ယူမဖြစ်မနေခေါ်သင့်သလဲ ဆိုတဲ့ အကြောင်းပြချက် (၅) ခုပဲရှိပါတယ်။ အဲဒါတွေကတော့….

၁။ ဂွာဒီယိုလာ မန်စီးတီးရောက်ရန် နီးစပ်နေခြင်း

play

 

ဂွာဒီယိုလာ မန်စီးတီးရောက်ရင်တော့ မန်ယူဒီလိုပုံစံ ဆက်သွားလို့ မဖြစ်တော့ပါဘူး။ အဲဒီအခါ မန်ယူကလည်း ဂွာဒီယိုလာနဲ့ အကြောင်းသိပြိုင်ဘက် မော်ရင်ဟိုလိုနည်းပြမျိုး ရှိနေဖို့ လိုလာပါပြီ။

၂။ ဖလားမရ ဖြစ်နေခြင်း

play

 

ဖာဂူဆန် ထွက်သွားကတည်းက မန်ယူပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ပါ မရတာ အခုထိပါပဲ။ ဘာဖလားမှလည်း မရတာ၂၀၁၃ မေလ ကတည်းက အခုထိပါပဲ။ ဒီနှစ်လည်း ဖလားရမယ့် အရိပ်အယောင် မန်ယူမှာ ရှိမနေပြန်ပါဘူး။ ဒါကြောင့် မော်ရင်ဟိုကို ခေါ်သင့်တာ ဖြစ်ပါတယ်။

၃။ မော်ရင်ဟို သက်သေပြဖို့ လိုခြင်း

play

 

အရင်ကတော့ မော်ရင်ဟိုကသာ ကလပ်အသင်းတွေကို စွန့်ခွာခဲ့တာ များပါတယ်။ ချယ်လ်ဆီးနဲ့ တွေ့မှသာ မော်ရင်ဟို က နှစ်ခါပြန် အထုတ်ခံခဲ့ရတာပါ။ ဒီတော့ ပရီးမီးယားလိဂ် မှာပြန်နေရင်း သူဟာ အောင်မြင်တဲ့ နည်းပြ ဖြစ်တယ်ဆိုတာ သက်သေပြ ဖို့ လိုပါတယ်။

၎။ ပရိသတ်ကို ပြန်ဆွဲဆောင်ဖို့ လိုခြင်း

play

 

နောဝှစ်ခ်ျကိုရှုံးတဲ့ပွဲမှာ ပရိသတ်တွေက ပွဲမပြီးပဲထပြန်သွားပါတယ်။ စထရက်ဖို့ဒ် ပွဲကြည့်စင်ဘက်ကို ဘယ်တော့မှ မလာတော့ ဘူး လို့တောင် အော်ဟစ်သွားသူတွေ ရှိပါတယ်။ ဒီတော့ ကမ္ဘာတစ်လွှားက ပရိသတ်တွေကို ဆွဲဆောင်ဖို့ရာ မော်ရင်ဟိုကို ခန့်ဖို့ လိုမှာပါ။

၅။ အသင်း အသွင်သစ်ဖြစ်ရန်လိုခြင်း

play

  

ဖာဂူဆန်ထွက်သွားပြီးကတည်းက မန်ယူအသင်းရဲ့ ပုံစံဟာ ပရိသတ်အတွက် ငြီးငွေ့ဖွယ် ဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ အခု ဗန်ဟားလက်ထက်မှာ ပိုတောင် ဆိုးလာတယ်လို့ ဝေဖန်ခံရပါတယ်။ အသင်းကို အသွင်သစ် ပြောင်းဖို့ လိုအပ်နေတာကြောင့် လည်း မော်ရင်ဟိုကို ခေါ်သင့်ပါတယ်။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ