Sports: ဘောလုံးသမားတွေနဲ့ တွဲခုတ်ကြတဲ့ အလှမယ်များ

ဒီဘက်ခေတ်မှာတော့ ဘောလုံးသမားဆိုရင် အလှမယ် ဒါမှမဟုတ် မော်ဒယ်တစ်ဦးဦးနဲ့တော့ တွဲခုတ်မှာ အသေအချာပါပဲ။

၂၀၁၅ ခုနှစ်အတွက် အလှမယ်ပြိုင်ပွဲကတော့ နောက်ဆုံးအဆင့်မှာ အနည်းငယ်ချွတ်ချော်တိမ်းစောင်းမှုတွေနဲ့ အတူ ပြီးသွားခဲ့ပါပြီ။ အလှမယ်ဆိုတဲ့ ဂုဏ်ပုဒ်က တစ်ခါရပြီးရင် တစ်သက်လုံး စွဲသွားတဲ့ ဂုဏ်ပုဒ် ဖြစ်ပါတယ်။ ဘောလုံးသမားတွေထဲမှာလည်း အလှမယ်တွေနဲ့ ချစ်သူဇနီးဖြစ်တဲ့သူတွေရှိပါတယ်။ ဘောလုံးလောကမှာ ရှိတဲ့ အလှမယ်နဲ့ ဘောလုံးသမား စုံတွဲတွေကတော့ အောက်ပါအတိုင်းပါ။

အာတီတာနဲ့ လိုရန်းဘာနယ်

play

 

အာတီတာရဲ့ ချစ်သူလိုရင်းဘာနယ်က ၁၉၉၉ ခုနှစ်မှာ ၁၇ နှစ်နဲ့တင် စပိန်အလှမယ်ဘွဲ့ကို ရယူခဲ့သူ ဖြစ်ပါတယ်။ သူတို့က ၂၀၁၀ မှာ လက်ထပ်ခဲ့တာပါ။

ရိုဆစ်စကီးနဲ့ ကိုကူရိုဗာ

play

 

ကိုကူရိုဗာကတော့ ၂၀၀၂ ခုနှစ် ချက်ဇ်အလှမယ်ပြိုင်ပွဲမှာ ဒုတိယချိတ်ခဲ့သူပါ။ ရိုဆစ်စကီးနဲ့ ၂၀၁၄ မှာ လက်ထပ်ခဲ့ပါတယ်။

ဂျေမီအိုဟားရားနဲ့ ဒန်နီရယ်လွိုက်

play

 

ဖူဟမ်းကစားသမား ဂျေမီအိုဟားရားက ၂၀၀၆ ခုနှစ် ဗြိတိန်အလှမယ် ဒန်နီရယ်လွိုက်ကို အရယူထားတာပါ။ လွိုက်က ဂျေမီနဲ့ လက်မထပ်ခင် ရှာရင်ဂမ်၊ ဒီဖိုးတို့နဲ့ ချစ်သူ ဖြစ်ခဲ့ပါသေးတယ်။

ဒီဖိုးနဲ့ အီမိုဂမ်သောမတ်စ်

play

 

သောမတ်စ်က ဝေးလ်အလှမယ်ဖြစ်ပြီး ဒီဖိုးက ဆန်းဒါးလန်း တိုက်စစ်မှူးပါ။ သူတို့ချစ်သူမဖြစ်ခင်က သောမတ်စ်က အခြားဘောလုံးသမားတွေနဲ့ တွဲခုတ်ခဲ့ပါသေးတယ်။

ဘူဖွန်နဲ့ အယ်လီနာဆီရီဒိုဗာ

play

 

အီတလီဂိုးသမားကြီးဘူဖွန်က ၁၉၉၈ ခုနှစ်ချက်ဇ်အလှမယ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ အလှမယ် ဆီရီဒိုဗာကို ၂၀၁၁ မှာ လက်ထပ်ခဲ့တာပါ။ အခုတော့ သူတို့ကွာရှင်းလိုက်ပါပြီ။

ဆီဂတ်ဆင်နဲ့ အီဗာဒေါ့တီယာ

play

 

ဆွမ်ဆီးကစားသမား ဆီဂတ်ဆင်က ၂၀၀၈ ခုနှစ်အိုင်စလန်အလှမယ်နဲ့ တွဲခုတ်နေတာပါ။ သူမက အဲဒီနှစ် မယ်စကြာဝဠာပြိုင်င်ပွဲမှာလည်း နောက်ဆုံးဆီမီးဖိုင်နယ်အဆင့် ရောက်ခဲ့သူ ဖြစ်ပါတယ်။

Source & Photos : goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ