Sports: နန်းတော်အလား ခမ်းနားတဲ့ ရော်နယ်ဒိုရဲ့ စံအိမ်

, updated

တစ်ပတ်ကို လုပ်ခလစာ ပေါင် နှစ်သိန်းခွဲကျော်ရနေတဲ့ ရော်နယ်ဒိုက သူ့ရဲ့နေအိမ်အတွင်းပိုင်းကို ပထမဆုံးအကြိမ် ပြသလိုက်ပါတယ်။

play

 

ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒိုရဲ့ အိမ်က ဘယ်လိုပုံစံတည်ဆောက်ထားတယ်ဆိုတာ ပရိသတ်တွေ အမြဲသိချင်ခဲ့ကြတဲ့ ကိစ္စတစ်ခုပါ။ အခုတော့ ရော်နယ်ဒိုက သူ့ရဲ့အိမ်ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကင်မရာသမားတွေခေါ်ပြီး ပြသလိုက်ပါပြီ။

play

 

ပေါငါးသန်းလောက်တန်ကြေးရှိတဲ့ သူ့ရဲ့စံအိမ်ကြီးထဲမှာ အိပ်ခန်းပေါင်း ခုနှစ်ခန်းလောက်ရှိပါတယ်။ စပိန်နိုင်ငံ ပိုဇီလိုအရပ်က စတုရန်းပေ ရှစ်ထောင့်ခြောက်ရာကျယ်ဝန်းတဲ့ ခြံထဲမှာ ရော်နယ်ဒိုရဲ့ နေအိမ်ရှိပါတယ်။ ရော်နယ်ဒိုရဲ့ အိမ်အနီးအနားမှာ ဂါရက်ဘေးလ်နဲ့ ဇီဒန်းတို့ရဲ့ နေအိမ်တွေလည်း ရှိကြပါတယ်။

play

 

အိပ်ခန်းပေါင်း ခုနှစ်ခန်းရှိတယ်ဆိုပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ အချိန်အတော်များများကို မာစတာအိပ်ခန်းဖြစ်တဲ့ သူ့ရဲ့အိပ်ခန်းထဲမှာပဲ ကုန်ဆုံးလေ့ ရှိပါတယ်။ အဲဒီအိပ်ခန်းဟာ သူ့ဘဝအတွက် အရေးအပါဆုံး အရာတွေထဲက တစ်ခုလို့လည်း ဆိုပါတယ်။ ခြံထဲမှာလည်း ရေကူးကန်ဘေးမှာ သူ့ရဲ့သားငယ်အတွက်  ဆောက်ပေးထားတဲ့ ဘောလုံးကွင်းငယ်လေး တစ်ခုရှိပါတယ်။

ကောလဟလသတင်းတွေအရ ရော်နယ်ဒိုမှာ ခန္ဓာကိုယ်ကျန်းမာရေး လုပ်တဲ့ လျှို့ဝှက်ခန်းတစ်ခု ရှိတယ်လို့ ဆိုပါတယ်။

Source & Photos : dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ