Sports: ဒုက္ခသည်စခန်းက မိဘမဲ့ ကလေးငယ်ကို ရော်နယ်ဒို သွားတွေ့

အကြမ်းဖက်သမားတွေကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ်လေးရဲ့ ဘောလုံးသူရဲကောင်းဟာ ရော်နယ်ဒိုဖြစ်ပြီး အပြင်မှာ တကယ်တွေ့ခွင့်ရခဲ့ပါတယ်။

play

 

အသေခံဗုံးခွဲသမားတွေကြောင့် မိဘနှစ်ပါးလုံး ဆုံးရှုံးသွားတဲ့ ကလေးငယ်တစ်ဦးဟာ မမျှော်လင့်ပဲ ရော်နယ်ဒိုနဲ့ တွေ့ဆုံခွင့်ရလိုက်ပါတယ်။ သူက သုံးနှစ်ပဲရှိသေးပေမယ့် ရော်နယ်ဒိုကို အလွန်ကြိုက်နှစ်သက်သူ တစ်ဦးပါ။

ဒီကလေးငယ်ရဲ့ သနားစရာအဖြစ်ကို သိသွားတဲ့ လက်ဘနွန်သတင်းထောက်တစ်ဦးက ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အဆက်အသွယ်ရအောင် ကြိုးပမ်းခဲ့ပါတယ်။ ရော်နယ်ဒိုလို လူတိုင်းတွေ့ချင်တဲ့ ကြယ်ပွင့်ကစားသမား တစ်ဦးနဲ့ တွေ့ရဖို့ မလွယ်မှန်းသိပေမယ့် နောက်ဆုံးမှာတော့ အသင်းက ရော်နယ်ဒိုကို စေလွှတ်ဖို့ သဘောတူလိုက်ပါတယ်။

play

 

သတင်းထောက်ရဲ့ ကြိုးစားပေးမှုကြောင့် သုံးနှစ်အရွယ်မိဘမဲ့ကလေးငယ် ဟိုင်ဒါဟာ ရော်နယ်ဒိုနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ မိဘတွေဆုံးရှုံးထားရတဲ့ ဟိုင်ဒါကို ရော်နယ်ဒို လာရောက်တွေ့ဆုံခဲ့ပြီး လက်ဆောင် တွေပေးခဲ့ပါတယ်။ ဒီလိုလူသားချင်း စာနာထောက်ထားမှု ကိစ္စတွေနဲ့ ပတ်သတ်လာရင် ရီးရဲလ်မက်ဒရစ်က အမြဲလိုလို ကူညီလေ့ရှိပါတယ်။

ရော်နယ်ဒိုနဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလေးငယ်ဟာ ငိုကြီးချက်မနဲ့ ကျန်နေရစ်ခဲ့ပါတယ်။

Source & Photos : mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ