Sports: ဒီနှစ် ပရီးမီးယားလိဂ်ဖလား ယူမယ်လို့ ပီတာဆက်ခ်ျ ပြော

အာဆင်နယ်က ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား ယူဖို့ အခြေအနေ အတော်လေး ကောင်းနေတာပါ။

play

 

ဒီနှစ်အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို ယူနိုင်စွမ်းရှိတယ်လို့ အာဆင်နယ်အသင်း ဂိုးသမား ပီတာဆက်ခ်ျက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အာဆင်နယ်အသင်းက မန်စီးတီးကို နိုင်ခဲ့ပြီးနောက် အဆင့်-၂ နေရာမှာ ရပ်တည်နေတာပါ။

၂၀၀၄ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားမယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီနှစ်မှာတော့ ဖလားရဖို့ ပြန်ပြီးရေပန်းစားလာတာပါ။ ချယ်လ်ဆီးနဲ့ မန်ယူက ပရီးမီးယားလိဂ်ဖလားယူဖို့ ရုန်းကန်နေရတဲ့ အချိန်မှာ အဓိကပြိုဘက် မန်စီးတီးကို အာဆင်နယ်က လေးမှတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။ “ ဒီနှစ်က လူစာရင်းလည်း အရမ်းတောင့်တင်းနေတာလေ။ တစ်ခါလောက်တော့ ကျွန်တော်တို့ ဒဏ်ရာမရပဲ လူစုံဦးမှာပါ။ အခုလည်း နည်းပြက သူ့ရဲ့စိတ်ကြိုက်လူစာရင်းနဲ့ ကစားနေနိုင်တာပါပဲ” လို့ ပီတာဆက်ခ်ျက ပြောပါတယ်။

play

 

ဒဏ်ရာပြဿနာတွေ အမြဲကြုံတွေ့ရလေ့ရှိတဲ့ အာဆင်နယ်ဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာတွေ ရှိနေသည့်တိုင်အောင် နိုင်ပွဲတွေရအောင်ယူပြီး အမှတ်ပေးယား နံပတ်-၂ နေရာကို ရောက်နေတာပါ။ “လာမယ့်ဧပြီလလောက်အထိ အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရပ်တည်နိုင်ရင်တော့ ကျွန်တော်တို့ ဖလားရမှာပါ” လို့ ပီတာဆက်ချက် ပြောပါတယ်။

Source : bb

Photos : standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ