မော်ရင်ဟိုနဲ့ မန်ယူအသင်းကြား ဘယ်လိုသဘောတူညီချက်မှ ယူထားတာ မရှိသေးဘူးလို့ နည်းပြမောရင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ပြောလိုက်ပါတယ်။ စူပါအေးဂျင့်အဖြစ် နာမည်ကြီးတဲ့ ဂျော့မန်ဒက်စ်က မော်ရင်ဟို၊ ရော်နယ်ဒိုတို့ရဲ့ ကိုယ်စားလှယ် တစ်ဦးပါ။
နောက်နေ့မှာ ဘာဖြစ်လာမယ်ဆိုတာ မပြောနိုင်သေးပေမယ့် လောလောဆယ်တော့ မန်ယူနဲ့ မော်ရင်ဟို သဘောတူညီမှု မရသေးဘူးလို့ ဂျော့မန်ဒက်စ်က ပြောပါတယ်။ အပြင်မှာတော့ မော်ရင်ဟိုက မန်ယူကိုနည်းပြလုပ်ဖို့ သဘောတူညီပြီးပြီလို့ သတင်းတွေ ထွက်နေတာပါ။
ဒါပေမယ့်လည်း မော်ရင်ဟိုနဲ့ မန်ယူတကယ်ပဲ ဆွေးနွေးနေသလားဆိုတာကိုတော့ ဘာမှတိတိကျကျ ပြောသွားတာမျိုး မရှိသေးပါဘူး။ မန်ယူကလည်း နည်းပြဗန်ဟားလ်ကို ထုတ်ပစ်တော့မယ်ဆိုတာ အတော်လေး နီးစပ်နေတာပါ။ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာပဲ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ဖို့ရှိတယ်လို့သိရပါတယ်။ မနေ့က မန်ယူနည်းပြဗန်ဟားလ်နဲ့ အသင်းဒုဥက္ကဌဝုဒ်ဝက်တို့ စကားပြောခဲ့ကြပြီးတဲ့နောက် မကြာခင်မှာ မန်ယူဘက်က နည်းပြကိစ္စကို ထုတ်ပြောတော့မယ်လို့ ယုံကြည်ရပါတယ်။
Source : givemesports
Photos : dailymail, today