Sports: ပြိုင်ဘက်ကို ကန်တဲ့ဘောလုံးသမား လူသတ်ရန်ကြိုးစားမှုနဲ့ တရားစွဲခံရ

, updated

အနီကတ်အပြခံရတဲ့အတွက် ဒေါသထွက်ပြီး ပြိုင်ဘက်ရဲ့မျက်နှာကို ခြေနဲ့ ပြေးကန်လိုက်တာပါ။

play

 

တူရကီအပျော်တမ်းဘောလုံးပွဲစဉ်တစ်ခုမှာ ပြိုင်ဘက်ကစားသမားရဲ့ မျက်နှာကိုခြေနဲ့ကန်လိုက်တဲ့ ဘောလုံးသမားကို တရားရုံးမှာ လူသတ်ရန်ကြိုးစားအားထုတ်မှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ အနီကတ် အပြခံရတာကို မကျေနပ်တဲ့အတွက် ပြိုင်ဘက်ကရဲ့ မျက်နှာကိုခြေနဲ့ ကန်ပစ်လိုက်တာပါ။

ဆာနာရီစပေါအသင်းနဲ့ ဒါလီကာစပေါအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ပြိုင်ဘက်နဲ့ ဘောလုံးယှဉ်လုတုန်း ဥပဒေပ ကစားခဲ့တဲ့အတွက် ဆာနာရီစပေါအသင်း ကစားသမား ဒေဂီယာမန်စီအနီကတ် ပြခံလိုက်ရပါတယ်။ သူနဲ့ဘောလုံးယှဉ်လုစဉ် လဲကျသွားတဲ့ ကစားသမားကြောင့် အနီကတ်ပြခံရတာဆိုပြီး လဲကျနေတဲ့ ပြိုင်ဘက်ကို ခြေနဲ့ ပြေးကန်ခဲ့တာ ဖြစ်ပါတယ်။

စွဲချက်တင်ခံထားရတဲ့ဒေဂယာမန်စီဟာ ထောင်ရက်အနည်းငယ်ကျနိုင်ခြေရှိနေပါတယ်။ သူကတော့ ပုဂ္ဂိုလ်ရေး ပြဿနာမရှိပဲ ကစားပွဲမှာ အရှိန်တက်နေတုန်း စိတ်မထိန်းနိုင်ပဲ ဖြစ်သွားခဲ့တာလို့ ပြောထားပါတယ်။


Source : msn

Photo : amature-fa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ