Sports: တစ်ချက်တည်း ကျင်းဝင်တဲ့ အိုဘားမား

သမ္မတအိုဘားမားရဲ့ ဂေါက်ရိုက်စွမ်းရည် ဘယ်လောက်ကောင်းတယ်ဆိုတာ ဟာဝိုင်အီကျွန်းမှာ သက်သေပြလိုက်ပါပြီ။

play

အမေရိကန်သမ္မတ အိုဘားမားက ဂေါ့ဖ်ရိုက်တဲ့နေရာမှာလည်း ဆရာတဆူ ဖြစ်ကြောင်း သက်သေပြလိုက်ပါပြီ။ သမ္မတသက်တမ်း စေ့သွားတဲ့အခါ ပရော်ဖက်ရှင်နယ် ဂေါက်သီးလောကထဲ ဝင်လို့ရလောက်တဲ့ လက်ရည်မျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

အိုဘားမားက မိသားစုနဲ့အတူ ဟာဝိုင်အီကို ခရီးထွက်တုန်းက အပန်းဖြေဂေါက်ရိုက်တုန်းမှာ အိုဘားမားက လက်စွမ်းပြလိုက်တာပါ။ ၁၈ ကျင်းမြောက်ကို ၁၃ မီတာအကွာက ရိုက်ရာမှာ တစ်ချက်တည်း တန်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက်တောင် ဒါမျိုးအကွာအဝေးကို တစ်ချက်တည်းဝင်အောင် ရိုက်ဖို့ လွယ်တာ မဟုတ်ပါဘူး။ ပရိသတ်တွေ၊ မီဒီယာတွေရှေ့မှာ အိုဘားမားက တည်တည်ငြိမ်ငြိမ်နဲ့ ဂေါက်သီးလက်စွမ်း ပြသွားတာပါ။

Source : skynews

Photo : telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ