Sports: ယတြာကောင်းလို့ နိုင်ပွဲဆက်နေတဲ့ လက်စတာ

အသင်းငယ်လေး တစ်သင်းဖြစ်ပေမဲ့ ရာသီတစ်ဝက်ကျိုးချိန်မှာတော့ အမှတ်ပေးဇယား ထိပ်ဆုံး ရောက်နေတဲ့ လက်စတာအသင်းမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိမယ်လို့ ထင်ပါသလဲ။

play

 

ဒီနှစ်ဘောလုံးရာသီမှာ အံ့အားသင့်စရာကောင်းလောက်အောင် ရလဒ်ကောင်းနေတဲ့ လက်စတာအသင်းမှာ မကြာခဏ လုပ်လေ့ရှိတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒါကတော့ အသင်းအတွက် အရေးပါတဲ့ ပွဲကြီးပွဲကောင်းတွေ မတိုင်ခင်မှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ဆုတောင်းပေးမှုကို ခံယူလေ့ရှိပါတယ်။

play

 

ဒီနှစ်ထဲမှာလည်း ဘုန်းကြီးတွေကို လက်စတာရဲ့ အိမ်ကွင်းဖြစ်တဲ့ King Power ကွင်းကိုခေါ်ပြီး ဆုတောင်းပေးတာတွေ မကြာခဏခံယူခဲ့တာပါ။ နောက်ဆုံး လီဗာပူးနဲ့ ပွဲမတိုင်ခင်ကတောင် အိမ်ကွင်းကို ဘုန်းကြီး ပင့်ဆောင်ခဲ့ပါသေး တယ်။  ဒီဖြစ်ရပ်နာမည်ကြီးသွားခဲ့တာကတော့ မနှစ်က မန်ယူအသင်းကို ၅-၃ ဂိုးနဲ့ နိုင်ခဲ့တဲ့ပွဲက စတင်ခဲ့ပါတယ်။

play

 

မန်ယူနဲ့ပွဲမတိုင်ခင်မှာ လက်စတာအသင်းပိုင်ရှင်က ထိုင်းဗုဒ္ဓဘာသာဘုန်းကြီးတွေကို အိမ်ကွင်းကို ပင့်ဆောင်ခဲ့တာကြောင့် ပွဲအပြီးအနိုင်ရသွားတဲ့အချိန်မှာ ပြောစမှတ် ဖြစ်ခဲ့ရပါတယ်။ လက်စတာ အသင်းပိုင်ရှင်က ထိုင်းနို်င်ငံသားဖြစ်တာကြောင့် ဒီလိုအမြဲလုပ်လေ့ရှိပါတယ်။

Source: leicestermercury

Photos: dailymail, twitter

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ