Sports: မန်စီးတီးကို လာဖို့ ဂွါဒီယိုလာ သဘောတူ

လာမယ့်ရာသီရောက်ရင် ဂွါဒီယိုလာ မန်စီးတီးတီးကို လာဖို့ သဘောတူလိုက်ပြီလို့ ဆိုပါတယ်။

play

 

ရာသီကုန်ရင် ဘိုင်ယန်မြူးနစ်ကထွက်တော့မယ့် နည်းပြဂွါဒီယိုလာက နောက်ရာသီမှာ မန်စီးတီးအသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ဂျာမန်သတင်းစာ ကစ်ကာ ကဖော်ပြလိုက်ပါတယ်။ ယုံကြည်ရတဲ့ အင်္ဂလိပ်သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဂွါဒီယိုလာအကြောင်း အတည်ပြုလိုက်တာပါ။

လောလောဆယ်မှာတော့ ဘိုင်ယန်မြူးနစ်က နည်းပြဂွါဒီယိုလာနဲ့ ရာသီကုန်ရင်လမ်းခွဲတော့မယ်ဆိုတာကိုသာ တရားဝင်ထုတ်ပြောထားပါသေးတယ်။ ဂွါဒီဒီယိုလာကတော့ သူဘယ်သွားမယ်ဆိုတာ မပြောသေးပါဘူး။ လောလောဆယ်မှာ ဂွါဒီိယိုလာကိုခေါ်ဖို့ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး စတဲ့ထိပ်သီးအသင်းတွေ အားလုံး စိတ်ဝင်စားနေကြတာပါ။

play

 

ဂွါဒီိယိုလာနဲ့ မန်စီးတီး ဆွေးနွေးမှုအားလုံး သဘောတူညီမှုရသွာပြီဖြစ်လို့ လာမယ့်ရာသီမှာ မန်ချက်စတာကို ရောက်လာတော့ မယ်လို့ ကစ်ကာက ရေးသားထားပါတယ်။

Source & Photos : givemesports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ