Sports: ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အာလူးနဲ့ သရုပ်ဖော်ကြည့်တဲ့အခါ

ဒီနှစ်ပရီးမီးယားလိဂ် အမှတ်ပေးဇယားအခြေအနေကို ရိုးရိုးမပြောပဲ အာလူးကိုအခြေခံပြီး ပြောကြည့်ကြရအောင်ပါ။

play

 

ပရီးမီးယားလိဂ်က အခြားနှစ်တွေနဲ့ မတူအောင် ထူးခြားလှပါတယ်။ လက်စတာက ထိပ်ဆုံးကို ရောက်နေသလို ချယ်လ်ဆီးကလည်း တန်းဆင်းဇုန်နား ဝဲနေတာပါ။ ဒီတော့ အားလူးကို အခြေခံပြီး ပရီးမီးယားလိဂ် အသင်းတွေရဲ့ အခြေအနေကိုဖော်ပြတဲ့အခါ အောက်ပါအတိုင်း တွေ့ရမှာပါ။

လက်စတာ - မနှစ်ကတော့ အာလူးတွေစားဖို့တောင် မရှိခဲ့ဘူး။ ဒီနှစ်တော့ ကျွန်တော်တို့စိုက်တဲ့ အာလူးတွေ ဈေးကောင်းသလား မမေးနဲ့။

play

 

အာဆင်နယ် - ဒီနှစ်တော့ ကျွန်တော်တို့ အာလူးတွေ အခြေအနေကောင်းတယ်။ ဒါပေမယ့် ညစာစားဖို့တော့ မလောက်သေးဘူး။

မန်စီးတီး - အာလူးကောင်းတွေ စိုက်လို့ရပေမယ့် ဒီနှစ်အာလူးတွေကတော့ အရသာသိပ်မကောင်းဘူး။

စပါး - ဒီနှစ်တော့ အာလူးတွေ အခြေအနေကောင်းလာက်တယ်။ ဒါပေမယ့် အရသာကောင်းကောင်း စားချင်ရင်တော့ ကောင်းကောင်းချက်ဖို့ အချိန်ယူဦးမယ်။

မန်ယူ - အာလူးစိုက်ဖို့ ဓာတ်မြေသြဇာဖိုး အများကြီးသုံးခဲ့ပေမယ့် အခုထိ အာလူးတွေကို ကောင်းကောင်း ချက်မစားနိုင်သေးဘူး။

play

 

ခရစ္စတယ်ပဲလေ့စ် - ဒီနှစ်အာလူးအထွက်တိုးတယ်။ အာလူးကြော်ပြား လုပ်စားလိုက်တယ်။

ဝက်ဖို့ဒ် - ဒီနှစ်ကျွန်တ်ာတို့ အာလူးတွေ ဈေးကောင်းရမယ်လို့ ဘယ်သူထင်ခဲ့လို့လဲ။

ဝက်စ်ဟမ်း - ကျွန်တ်ာတို့ အာလူးတွေကအရသာတော့ကောင်းတယ်။ ဒါပေမယ့်အိမ်မှာ ဘယ်တော့မှ မစားဘူး။ (အိမ်ကွင်းတွင်ရလဒ်မကောင်းပဲ အဝေးကွင်းတွင်ရလဒ်ကောင်းခြင်းကို ဆိုလိုသည်။)

လီဗာပူး - ဘယ်ရမလဲ အာလူးစိုက်တာ ကျွမ်းကျင်တဲ့သူ ငှားလိုက်တာပေါ့။

play

 

အဲဗာတန် - ဒီနှစ်အာလူးအထွက်တော့ကောင်းတယ်။ အရမ်းကောင်းတာတော့ မဟုတ်သေးဘူး။

ဆောက်သမ်တန် - မနှစ်ကလိုမျိုး ကျွန်တော်တို့ အာလူးတွေ ဒီနှစ်တော့ အထွက်မကောင်းဘူး။ အရသာလည်း ပျက်လာတယ်။

ချယ်လ်ဆီး - မနှစ်ကထွက်တဲ့ အာလူးတွေကတော့ ဘာကောင်းသလဲ မမေးနဲ့။ ဒီနှစ်တော့ အာလူးခင်းကြီး တစ်ခုလုံး ပိုးကျသွားတာပဲ။

play

 

ဆန်းဒါးလန်း - အားလူးစိုက်ဖို့ ကျွန်တော်တို့ နည်းလမ်းသစ် ထပ်ရှာရတော့မယ်။

ဗီလာ - ဒီနှစ်တော့ ကျွန်တော်တို့ အာလူးခင်းက ပိုးအကျဆုံးပဲ။ နောက်ထပ်နေရာ ပြောင်းစိုက်ရတော့မယ်။

Source : espn

Photo : dailymiail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ