Sports: မန်စီးတီးအသင်းရဲ့ အမှတ်တံဆိပ်အသစ် အပြင်ကို ပေါက်ကြားခဲ့

မန်စီးတီးအသင်း တာဝန်ရှိသူတွေကတော့ အဆိုပါကိစ္စရပ်နဲ့ ပက်သက်ပြီးတော့ မှတ်ချက်တစ်စုံတစ်ရာပေးခဲ့တာမျိုး မရှိပါဘူး။

play

 

မန်စီးတီးအသင်းရဲ့ အမှတ်တံဆိပ်အသစ်ဟာ ဗြိတိန် မူပိုင်ခွင့်ရုံးရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာရောက်နေတဲ့အတွက် မူလ တရားဝင်ထုတ်ပြန်ဖို့သက်မှတ်ထားတဲ့ ခရစ္စမတ်နေ့ပြီးနောက်တစ်ရက် (Boxing Day) မတိုင်ခင် စောပြီးတော့ အပြင်ကို ပေါက်ကြားခဲ့ပါတယ်။  မန်စီးတီးအသင်း တာဝန်ရှိသူတွေကတော့ အဆိုပါကိစ္စရပ်နဲ့ ပက်သက်ပြီးတော့ မှတ်ချက်တစ်စုံတစ်ရာပေးခဲ့တာမျိုးမရှိပါဘူး။

play

 

မန်စီးတီးအသင်းဟာဆိုရင် ၁၉၃၀ ခုနှစ်ကတည်းကအခုအချိန်ထိ အမှတ်တံဆိပ်ပြောင်းလဲခဲ့တာ (၃) ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ယခုအခါမှာတော့ အသင်းပရိသတ်တွေနဲ့ တိုင်ပင်ပြီးတော့ ယခင်ကပုံစံတွေနဲ့မတူတဲ့ လုံးဝန်းတဲ့ အမှတ်တံဆိပ်ကို ဖန်တီးခဲ့တာပါ။

play

 

မန်စီးတီး အပါအဝင် နယူးယော့ခ်စီးတီး အက်ဖ်စီနှင့် မဲလ်ဘုန်းအက်ဖ်စီတို့ဟာလည်း စီးတီး ဘောလုံးလုပ်ငန်းစု လက်အောက်ကဖြစ်ပြီး ၄င်းတို့ရဲ့ အမှတ်တံဆိပ်ဟာလည်း အလားတူ ပုံစံမျိုးဖြစ်ပါတယ်။

Source: espn

Photo: espn, wikimedia, photobucket

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ