Sports: အင်္ဂလိပ်အသင်းများ အောင်မြင်မှုမရခြင်းအပေါ် လီဗာပူးနည်းပြ သုံးသပ်

စီရီးအေမှာကန်နေတဲ အသင်းတွေကတော့ ရှုံးထွက်ဖလားရဖို့အတွက် (၄) ပွဲသာ ကစားဖို့လိုပါတယ်။

play

 

လီဗာပူအသင်းနည်းပြဖြစ်သူ  ဂျာဂန်ကလော့ပ်က အင်္ဂလိပ်အသင်းတွေ ယခင်ကလို ပြိုင်ပွဲအရပ်ရပ်မှာ အောင်မြင်မှုမရတာဟာ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတွေများနေတဲ့အပြင် ပွဲစဉ်များဟာ တစ်ခုနဲ့တစ်ခုဆက်နေတဲ့အပြင် ကစားသမားတွေမှာ လုံလောက်တဲ့ နားချိန်မရှိတာကြောင့်လို့ သုံးသပ်ခဲ့ပါတယ်။

play

 

အခြားသော ဥရောပအသင်းများဟာ ဆောင်းရာသီအားလပ်ရက်မှာ အပြည့်အဝ အနားယူနေရတဲ့အချိန်မှာ လီဗာပူးအသင်းအပါအဝင်အခြားသော အင်္ဂလိပ်အသင်းများဟာ (၄) ရက်အတွင်း (၂) ပွဲကစားဖို့ ပြင်ဆင်နေရတာကို အခြေခံပြီး ထောက်ပြခဲ့တာပါ။

play

 

အင်္ဂလိပ်ပြည်တွင်း ရှုံးထွက်ဖလား (၂) ခုရဲ့ နောက်ဆုံးအဆင့်ရောက်ရရှိလာတဲ့ အသင်းများအနေနဲ့ (၁၂) ပွဲကစားပြီးမှ ဗိုလ်လုပွဲသို့ ရောက်ရှိမယ့်အပြင် အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ဖလား (FA Cup) ရဲ့ ပြန်ကန်ပွဲစဉ်တွေပါ ထည့်တွက်မယ်ဆိုရင် (၁၆) ပွဲအထိရှိလာနိုင်ပါတယ်။ စီရီးအေမှာကန်နေတဲ အသင်းတွေကတော့ ရှုံးထွက်ဖလားရဖို့အတွက် (၄) ပွဲသာ ကစားဖို့လိုပါတယ်။

Source: espn

Photo: espn, worldsoccertalk, calciomercato

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ