Sports: ဘောက်ဆင်ဒေးနေ့ ပရီးမီးယားလိဂ် မကြည့်ခင် သိထားသင့်တဲ့ အချက်(၅) ချက်

ဘောက်ဆင်ဒေးနေ့မှာ အခြားလိဂ်ပွဲစဉ်တွေမရှိပဲ ပရီးမီးယားလိဂ်ပွဲစဉ်တွေသာ ရှိလို့ ပရိသတ်တွေ အာရုံစိုက် ကြည့်နိုင်ကြမှာပါ။

play

 

ဘောက်ဆင်ဒေးလို့ ခေါ်ကြတဲ့ ခရစ္စမတ်ကာလအပြီး နောက်တစ်ရက်ကို ရောက်လာပြန်ပါပြီ။ အားလုံးအတွက် အားလပ်ရက်ဖြစ်တာကြောင့် ဒီကနေ့မှာ ကျင်းပတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ပရိသတ်စိတ်ဝင်စားမှု ပိုရသလို ပိုပြီးကြည့်ကောင်းလေ့လည်းရှိပါတယ်။

ဒီကာလမျိုးဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက် ပွဲကျပ်ကာလည်း ဖြစ်ပါတယ်။ ဘောက်ဆင်ဒေးနေ့တစ်ရက်မှာ ပရီးမီးယားလိဂ် ဆယ်ပွဲစလုံးကစားလေ့ရှိပါတယ်။ ဒီနေ့ပရီးမီးယားလိဂ် မကြည့်ခင်သိထားသင်တဲ့ အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

play

 

၁။ လက်စတာ ထိပ်ဆုံးမှာ ဆက်ရှိမလား

ပြီးခဲ့တဲ့ပွဲမှာလည်း လက်စတာရလဒ်ကောင်းခဲ့သလို ဒီကနေ့ ပွဲစဉ် ၁၈ မှာလည်း လက်စတာရလဒ်ဆက်ကောင်းမလား စောင့်ကြည့်ရမှာပါ။ ဒီနေ့ပွဲ လက်စတာ နိုင်ခဲ့ရင်တော့ ရာသီဝက်ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိပါပြီ။ ဒီပွဲပြီးရင် လက်စတာက လီဗာပူး၊ မန်စီးတီး၊ စပါး၊ ဘုန်းမောက်တို့နဲ့ ကစားရမှာ ဖြစ်လို့ ပွဲကျပ်တွေ လာပါပြီ။

၂။ နည်းပြသစ်နဲ့ ချယ်လ်ဆီး

ပြီးခဲ့တဲ့ တပတ်ကတော့ မော်ရင်ဟိုမရှိချိန်မှာ ချယ်လ်ဆီးက သုံးဂိုးသွင်းပြီး နိုင်ခဲ့ပါတယ်။ အခုနည်းပြ ဂုဟစ်ဒင့်ရဲ့ ပထမဆုံးပွဲပါ။ ဒီပွဲမှာ ချယ်လ်ဆီး နိုင်ပွဲဆက်ရမလား စိတ်ဝင်စားစရာပါ။

၃။ ဗန်ဟားလ်အတွက် အဆုံးအဖြတ်ပေးမယ့် ဒီတစ်ပတ်

ဒီတစ်ပတ်မန်ယူပွဲစဉ်က နည်းပြဗန်ဟားလ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့မှာသာ မန်ယူနိုင်ပွဲပျောက်ခဲ့ရင် နည်းပြဗန်ဟားလ်နဲ့ လမ်းခွဲဖြစ်ဖို့က အတော်လေး သေချာသွားမှာပါ။ ဒီတော့ မန်ယူမှာ ဗန်ဟားလ်ဆက်ရှိမရှိဆိုတာ ဒီနေ့ စတုတ်စီးတီးနဲ့ပွဲက အဆုံးအဖြတ်ပေးမှာပါ။

play

 

၎။ အဆင့်-၄ မှာစပါး ဆက်ရှိပါ့မလား

ပြီးခဲ့တဲ့ပွဲမှာ မန်ယူကရှုံးပွဲတွေ့သွားလို့ စပါးက အဆင့်-၄ နေရာ ရောက်လာပါတယ်။ ဒီနေ့ပွဲ စပါးအသင်း ဆက်ပြီး နိုင်ပွဲဆက်မယ်ဆိုရင် အဆင့်-၄ ဆက်ရှိပြီးသူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ကို မျှော်လင့်နိုင်တော့မှာပါ။ စပါးက နောဝှစ်ခ်ျကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာပါ။

၅။ မန်စီးတီး နှစ်ပွဲဆက်နိုင်မလား

အင်အားအကောင်းဆုံး ဆိုတဲ့ မန်စီးတီးအသင်းက အောက်တိုဘာလကတည်းက နှစ်ပွဲဆက် နိုင်ပွဲမရသလို၊ နှစ်ပွဲဆက်လည်း မရှုံးသေးပါဘူး။ ဒီအတိုင်းသာ ဆက်မှန်ဦးမယ်ဆိုရင်တော့ နောက်ဆုံးပွဲမှာ အာဆင်နယ်ကို ရှုံးထားတဲ့ မန်စီးတီး ဒီနေ့ နိုင်ပွဲရမှာပါ။

Source & Photos : nbc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ