Sports: စတုတ်အိမ်ကွင်းမှာ မန်ယူ နှစ်ဂိုးပြတ် ရှုံးနိမ့်

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဘောက်ဆင်ဒေးနေ့ အစောဆုံးပွဲစဉ်မှာ စတုတ်စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ်က ထွက်ခွာခဲ့ရပြီး ဖိအားတွေအောက် နေရာက်နေတဲ့ မန်ယူအသင်းဟာ ကစားပုံ မာကျောတဲ့ စတုတ်ကို မယှဉ်နိုင်ခဲ့ဘဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

play

 

စတုတ်က ပထမပိုင်း ပွဲကစားချိန် ၂၆ မိနစ်မှာပဲ ၂ ဂိုးပြတ် အနိုင်ရရှိပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။

play

 

စတုတ်အတွက် အနိုင်ဂိုးတွေကို ပွဲကစားချိန် ၁၉ မိနစ်မှာ ဘိုဂျန် ကာကစ်နဲ့ ၂၆ မိနစ်မှာ အာနူတိုဗစ်တို့က သွင်းယူခဲ့ပါတယ်။

play

 

စတုတ်စီးတီး သွင်းယူနိုင်ခဲ့တဲ့ ပထမအနိုင်ဂိုးဟာ မန်ယူကစားသမား ဒီပိုင်းရဲ့ အမှားမှတစ်ဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူရဲ့ ပွဲထွက်စာရင်းမှာ အသင်းခေါင်းဆောင် ရွန်နီ ပါဝင်ခဲ့ခြင်း မရှိဘဲ အရန်စာရင်းမှာသာ ပါဝင်ခဲ့ပါတယ်။

play

 

မန်ယူအသင်းဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲ သရေ၊ ၃ ပွဲရှုံးဖြင့် ရလဒ်တွေ ဆက်တိုက် ဆိုးရွားကာ ဖိအားအောက် ရောက်နေခဲ့ပါတယ်။

play

 

ယနေ့ ရှုံးနိမ့်ခဲ့မှုကြောင့် မန်ယူအသင်း မန်နေဂျာ လူးဝင် ဗန်ဟားလ်အတွက် ဖိအားနဲ့ ဝေဖန်မှုတွေ ပိုမို ရင်ဆိုင်လာရမှာပါ။ ယနေ့ပွဲစဉ် ကစားအပြီး အမှတ်ပေးဇယားမှာ စတုတ်စီးတီးက အဆင့် ၈ နေရာနဲ့ မန်ယူက အဆင့် ၆ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

play

 

စတုတ်နဲ့ မန်ယူ ပွဲစဉ်ကို မကြည့်ရှုလိုက်ရပါက ပွဲစဉ် အချက်အလက်များနဲ့ တိုက်ရိုက်တင်ဆင်မှုတွေကို ဓူဝံဝက်ဘ်ဆိုက်မှာ ပြန်လည် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။

Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ