Sports: ချယ်လ်ဆီးနဲ့ လက်စတာ နိုင်ပွဲပျောက်တဲ့ ဘောက်ဆင်ဒေး

အမှတ်ပေးဇယား ထိပ်ဆုံက လက်စတာက ရှုံးပွဲတွေ့သွားပြီး နည်းပြသစ်နဲ့ ပထမဆုံး ပွဲထွက်လာာတဲ့ ချယ်လ်ဆီးကလည်း နိုင်ပွဲ မရခဲ့ပြန်ပါဘူး။

play

 

ဘောက်ဆင်ဒေးနေ့ပွဲစဉ်မှာတော့ မန်စီးတီးနိုင်ပွဲပေမယ့် မန်ယူနဲ့ လက်စတာက ခြေချော်သွားပါတယ်။ မန်ယူက လေးပွဲဆက် နိုင်ပွဲပျောက်သွားတာ ဖြစ်ပြီး လက်စတာကတော့ တစ်ရာသီလုံးမှာ သုံးပွဲမြောက် ရှုံးပွဲတွေ့သွားတာပါ။

ကောတင်ဟို၊ ဖာမီနို၊ အိုရီဂျီ၊ လယ်လာနာတို့နဲ့ ပွဲထွက်လာတဲ့ လီဗာပူးက ဒုတိယပိုင်း သွင်းဂိုးနဲ့ လက်စတာကို နိုင်ပွဲ ပြန်တွေ့သွားတာပါ။ ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ လီဗာပူးဘက်က တောက်လျှောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး လက်စတာဂိုးပေါက်ကို အကြိမ် ၂၀ ထက်မနည်း ခြိမ်းခြောက်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၃ မိနစ်အရောက်မှာတော့ အိုရီဂျီနေရာ အစားဝင်လာတဲ့ ဘန်တီကီက အသင်းအတွက် အနိုင်ဂိုး သွင်းသွားတာပါ။ ကော်တင်ဟိုနဲ့ ဖာမီနိုရဲ့ တွဲလုံးကတဆင့် ဘန်တီကီအတွက် အခွင့်အရေး ရသွားခဲ့တာ ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးကတော့ နည်းပြသစ်အတွက် ပထမဆုံးပွဲမှာ နိုင်ပွဲမရှာပေးနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာက အသင်းအတွက် ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့်လည်း ဝက်ဖို့ဒ်က နှစ်ဂိုး ပြန်သွင်းသွားတာကြောင့် နောက်က ချေပဂိုး ပြန်ထည့်ခဲ့ရပါသေးတယ်။

play

 

ပွဲချိန် ၃၂ မိနစ်မှာ ကော်စတာက အဖွင့်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးခါနီး ၄၂ မိနစ်မှာ ဝက်ဖို့ဒ် တိုက်စစ်မှူး ဒီနေ့က ချေပဂိုးသွင်းသွားပါတယ်။ ၅၆ မိနစ်မှာ ပုံမှန်ဂိုးသွင်းသူ အီဂါလိုက ဦးဆောင်ဂိုး သွင်းသွားခဲ့ ပြန်ပါတယ်။ ပွဲချိန် ၆၅ မိနစ်မှာ ဝီလီယံရဲ့ အကောင်းဆုံး ပေးပို့မှုကို ကော်စတာ အဆုံးသတ်နိုင်ခဲ့လို့သာ ချယ်လ်ဆီး ရှုံးပွဲမတွေ့ခဲ့တာပါ။

ဒီနေ့ပွဲရလဒ်တွေကြောင့် မန်ယူက အဆင့်-၆ နေရာကို ရောက်လာပြီဖြစ်ပြီး ဝက်ဖို့ဒ်က မန်ယူနဲ့ အမှတ် တူသွားခဲ့ပါပြီ။

Source : flashscore

Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ