Sports: ဆယ်မိနစ်အတွင်း သုံးဂိုးသွင်းပြီး နိုင်ပွဲယူတဲ့ မန်စီးတီး

ဆယ်မိနစ်အတွင်း သုံးဂိုးသွင်းပြီး မန်စီးတီးကတော့ ဆန်းဒါးလန်းဆီက နိုင်ပွဲကို သက်သက်သာသာ ယူနိုင်ခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ်ကို ရှုံးခဲ့တဲ့ မန်စီးတီးက ဒီတပတ်မှာတော့ အမှတ်ပေးဇယားအောက်ခြေက ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ယူပြီး ရလဒ်ကောင်းသွားခဲ့ပါတယ်။ လက်စတာရှုံးပွဲတွေ့သွားခဲ့ပေမယ့်လည်း အမှတ်ကွာနေသေးတာကြောင့် မန်စီးတီးက အမှတ်ပေးဇယား အဆင့်-၃ နေရာမှာပဲ ဆက်ရှိနေနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးဘက်က အဂူရိုမပါနိုင်ခဲ့ပေမယ့်တိုက်စစ်သမားတွေ အားလုံး တစ်ဂိုးစီးသွင်းပြီး ဆန်းဒါးလန်းကို ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ မန်စီးတီးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၃ မိနစ်မှာတင် ဒီဘရိုင်းရဲ့ပေးပို့မှုကတဆင့် စတာလင်က သွင်းယူသွားတာပါ။ မန်စီးတီးဘက်က ဆန်းဒါးလန်း ဂိုးပေါက်ကို ၁၅ ကြိမ်လောက် ဂိုးကန်သွင်းပြီး သုံးဂိုးရခဲ့တာပါ။

play

 

ပထမဂိုးရပြီး နောက်ထပ် လေးမိနစ်အကြာမှာတင် မန်စီးတီး ဒုတိယဂိုးထပ်ရပါတယ်။ ယာယာတိုယေးက သူ့ရဲ့ထုံးစံအတိုင်း လိမ်ခေါက်ပြီး ဘယ်ခြေနဲ့ ဂိုးထောင့်ကို ခပ်နိမ့်နိမ့်လေး သွင်းယူသွားတာပါ။၂၂ မိနစ်မှာ မန်စီးတီး တတိယဂိုးထပ်ရပြန်ပါတယ်။ အလွတ်တည်ကန်ဘောကတဆင့် ဒီဘရိုင်းတင်ပေးလိုက်တဲ့ ဘောလုံးကို ဘိုနီကသွင်းယူသွားတာပါ။

၅၆မိနစ်မှာ ဒီနေ့ပွဲတောက်လျှောက် ခြေစွမ်းပြနေတဲ့ ဒီဘရိုင်းက အသင်းအတွက် စတုတ္ထဂိုး ထပ်သွင်းခဲ့ပြန်ပါတယ်။ ဆန်းဒါးလန်းအသင်းအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကို ၅၉ မိနစ်မှာ လူစားဝင် ကစားသမား ကာတာမိုးရဲ့ ကြိုးပမ်းမှုကတဆင့် ဘိုရီနီ သွင်းနိုင်ခဲ့တာပါ။ ဒါတောင် ၆၉ မိနစ်မှာ ဘိုနီက ပင်နယ်တီ လွဲခဲ့ပါသေးတယ်။ ဆန်းဒါးလန်းကတော့ အဆင့်-၁၉ မှာ ဆက်ပြီး ရပ်တည်နေရဆဲပါ။

Source: flashscore

Photos: dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ